တည်ထောင်ထားတဲ့ စီးပွားရေးပိုင်ဆိုင်မှုလေးတွေအကြောင်း ပြောပြလာတဲ့ မင်းသားနေမျိုးအောင်

အနုပညာ

ပရိသတ်ကြီးရေ မင်းသားချောနေမျိုးအောင်ကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သဘာဝဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တွေကို ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ကြည်နူးစရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူ ဖြစ်ပါတယ်နော်။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေကာ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ရပ်ကျော်ရွာကျော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေမျိုးအောင်ကတော့ သူ့ရဲ့ စီးပွားရေးလေးကို ပြောပြလာပါတယ်။နေမျိုးကတော့ အနုပညာအလုပ်တွေအပြင် သူ့ရဲ့အပြင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နဂါးမောက်ခြံနဲ့ နေမင်းသားဟိုတယ်ကိုသာ တည်ထောင်ထားပြီး အခြားစီးပွားရေးတွေတော့ မရှိပါဘူးဆိုပြီး ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

စိုက်ပျိုးထားတဲ့ ခြံထဲက အပင်တွေအားလုံးကို သူတို့ဇနီးမောင်နှံနှစ်ယောကအတူ စနစ်တကျစိုက်ပျိုးထားတာဖြစ်ပြီး လတ်တလောမှာတော့ အနုပညာအလုပ်တွေများနေလို့ ခြံထဲမရောက်တာ ၄၊ ၅၊ ၆ လလောက်ရှိပြီဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်.။

တဟားဟား တဝါးဝါးနဲ့ ရယ်မောရမယ့် “ရပ်ကျော်ရွာကျော်” ဇာတ်ကားကြီးမှာလည်း အိချောပိုရဲ့ ဖခင်၊ ကျော်ရဲအောင်ရဲ့ ယောက္ခထီး ဇာတ်ကောင်နေရာကနေ အခွီလေး ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားလေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပြောပြထားတဲ့ လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။