ငယ်ငယ်ထဲက ကွဲနေတဲ့ အဖေကို ပြန်တွေ့ခွင့်ရသွားတဲ့​ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ

အနုပညာ

ကယားသူလေး ထက်အဉ္ဇလီဟာ Myanmar Idol Season 4 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ ဖြစ်ပါတယ်…ပြီးခဲ့တဲ့ တပတ်က Myanmar Idol ပြိုင်ပွဲဝင်နေရင်း ထက်အဉ္ဇလီက ငယ်ငယ်တုန်းက ခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်ဆုံချင်တဲ့အကြောင်း မျက်ရည်တွေနဲ့ ပြောပြခဲ့တာ ပရိသတ်ကြီးတို့ မှတ်မိမှာပါခုတော့ ဝမ်းသာစရာသတင်းလေးတစ်ခု လာပါပြီ အဲတာကတော့ သူအရမ်းပြန်ဆုံချင်တဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ရပြီပဲ ဖြစ်ပါတယ်ဒီအကြောင်းလေးကို ထက်အဉ္ဇလီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခုလိုလေးဖော်ပြထားပါတယ်


“Helloအချစ်တို့ရေ ထက်သတင်းကောင်းလေးပြောချင်လို့ပါရှင့် မနေ့ကပြိုင်ပွဲမှာ ထက်နဲ့လေးတန်းလောက်ထဲက ခွဲခွါခဲ့ရတဲ့ ထက်အရမ်းသတိရနေခဲ့ရတဲ့ ပါးပါး(အဖေ) နဲ့ပြန်ဆုံနိုင်ခွင့် ရခဲ့ပါပြီရှင့် ထက်ဝမ်းသာလို့မဆုံးပါဘူးရှင့် အားလုံးလည်းထပ်တူပျော်ရွှင်ကြမယ်ထင်ပါတယ်ရှင့်ထက် မနေ့ကသီဆိုမှုမှာ ဆိုခါနီး ရင်ပြည့်ပြီးရင်ဘတ်မှာ လေခံနေတော့ ထင်သလောက်မလုပ်ပြနိုင်ခဲ့ပဲ လိုအပ်ချက်တွေရှိသွားလို့ အားမရခဲ့ပေမယ့်လည်း မူရင်းအဆိုရှင် အမ အေးချမ်းမေရဲ့ အသိမှတ်ပြုချစ်ခင်ပေးတာလေးလည်း သိခွငိ့ရတော့ အရမ်းဝမ်းသာရပါတယ်ရှင့်

Image may contain: 2 people, people standing

ထက်ကိုချစ်ခင်ကြတဲ့သူတွေရဲ့အပြုံးကိုလည်းမြင်တွေ့ခွင့်ရတော့ အကောင်းဆုံးမလုပ်နိုင်ပေမယ့်လည်း ကျေနပ်မိပါတယ် ချစ်တယ် ဝီဝီ တို့ရေ ဒီနေ့လေးက Voting အနည်းဆုံးသူ 2ဦးပြိုင်ပွဲကထွက်ခွါရမှာဖြစ်တော့ ထက်စိတ်ပူမိတာတော့အမှန်ပါထက်နောက်ထက်အကောင်းဆုံးလေ့လာကြိုးစားသင်ယူပြီး ချပြခွင့်ရချင်သေးတယ် ဒီမှာရတဲ့နွေးထွေးမှုတွေနဲ့ ဆရာ ဆရာမတို့ရဲ့ ပညာတွေသင်ယူရင်း အားလုံးချစ်ခင်ရတဲ့ Idolကောင်းတစ်ယောက်အဖြစ် ပြိုင်ပွဲမှာ ဆက်ရှိချင်နေသေးတာကြောင့် ထက်ကိုချစ်ခင်ပြီးသားသူတွေရော စောင့်ကြည့်ဆဲသူတွေရော ထက်ကိုနောက်တစ်ဆင့်ကိုခေါ်ဆောင်ပေးပါလို့ ထက်တောင်းဆိုပါတယ်ရှင့်ထက်အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင့်တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုချစ်ခင်လေးစားလျှက် ထက် ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်

Image may contain: 9 people, people smiling

Image may contain: 6 people, people smiling, people standing and crowd

Myanmar Idol မှာ သီဆိုယှဉ်ပြိုင်ရင်း ခုလို ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့အတွက် သူ့အတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်လို့ ဆိုရမှာပါ….ခုလို ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အကြောင်းလေးကို သိလိုက်ရတဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြတာဖြစ်ပြီး မသိသေးတဲ့ ပရိသတ်ကြီးတို့လည်း ဝမ်းသာရအောင် ခုလိုပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်နော်

Credit-SYL