အဝေးရောက်နေတဲ့ ခင်ပွန်းဖြစ်သူ ပြန်လာချင်စိတ်ပေါက်လာအောင် တော်ကီလှလှလေးနဲ့ ချုပ်လိုက်တဲ့ ရွှေမှုံရတီ

အနုပညာ

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တွေပီပီ အလုပ်တွေ ကိုယ်စီ မအားလပ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာလည်း အလုပ်တွေလုပ်ကိုင်ရင်း တစ်ယောက်တစ်နေရာစီ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ရွှေထူးက နယ်မြို့တွေမှာ သီချင်းသွားဆိုနေတာဖြစ်တဲ့အတွက် ဇနီးလေး ရွှေမှုံရတီခမျာ ရွှေထူးကို အလွမ်းကြီး လွမ်းနေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက ရွှေထူးရဲ့ ပုံလေးတွေကို အလွမ်းပြေတင်ပြီး ခင်ပွန်းဖြစ်သူကို ချွဲထားတာ ဖြစ်ပါတယ်။

ရွှေမှုံရတီက ” လွမ်းတယ်။ ပါးကို အဲ့လိုလေးပဲ အမြဲကြည့်နေလို့ရမလားဟင်” ဆိုပြီး ခင်ပွန်းဖြစ်သူ ရွှေထူးကို ချစ်စဖွယ်လေး ပြောထားတာ ဖြစ်ပါတယ်။

ဇနီးလေးရဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့စကားကြောင့် ရွှေထူးခမျာ ခရီးကနေ ချက်ချင်း ပြန်လာချင်စိတ် ပေါက်သွားမှာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကိုကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး