မြန်မာအိုင်ဒေါပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့ နေလင်းကျော်ကို မျက်ရည်များနဲ့နှုတ်ဆက်ခဲ့ကြတဲ့ ပရိသတ်များ

အနုပညာ

မနေ့ည Myanmar Idol Season 4 ရဲ့ တတိယအပတ် Result Show ပွဲအပြီးမှာတော့ နေလင်းကျော်ဟာ စိတ်မကောင်းစွာပဲ အိမ်ပြန်ခဲ့ရပါတယ်။ ပြိုင်ပွဲဝင်များ အားလုံးဟာ အမှတ်တရ တက္ကသိုလ်သီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။တစ်ဦးတစ်ယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုတိုင်းကို ပရိသတ်ကြီးလည်း အကြိုက်တွေ့ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။

နေလင်းကျော် ဟာ ကံ့ကော်ဝေဒနာ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး ဒိုင်ဖြစ်သူ ဖြူဖြူ ရဲ့ ကိုယ်ပိုင်အားသာချက်တွေ ရှိမှာဖြစ်ပြီး ထူးခြားတဲ့အသံရှိတာကြောင့် အရည်အချည်းကောင်းတွေရှိတယ်လို့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဆက်လက်ပြီး ဖြူဖြူက သီချင်းဆိုတဲ့အခါ အီမိုရှင်းထည့်သွင်း ဆိုဖို့ အကြံပြုခဲ့ပါတယ်။

ဒိုင်သုံးယောက်ရဲ့ မှတ်ချက်တွေက အားရစရာကောင်းခဲ့ပေမယ့်လည်း Voting နဲ့ဆုံးဖြတ်တာဖြစ်လို့ နောက်ဆုံးမှာတော့ နုတ်ထွက်သွားရတာဖြစ်ပါတယ်။ ထွက်ခွာသွားရတဲ့ နေလင်းကျော် အတွက် ပရိသတ်ကြီးကစိတ်မကောင်းစွာမျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။

Credit-စွယ်စုံ