သာသနာ့ဘောင်ကနေ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ သူရိယ

အနုပညာ

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅)ရက်နေ့က သာသနာ့ဘောင်ကို ဝင်ရောက်သွားတဲ့ သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ မနေ့က နိုဝင်ဘာလ (၁၅)ရက်နေ့မှာတော့ လူ့ဘောင်လောကကို လူဝတ်လဲပြီး ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။သူရိယကတော့ ကလေးဘဝကတည်းက “စိန်ဘယက်”ဆေးကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံ တိုင်းရင်းဆေး သံတမန်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါသေးတယ်။

မကြာသေးမီက သရုပ်ဆောင်မင်းသမီးချောလေး ဆုအိမ့်စံနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာတော့ သာသနာ့ဘောင်ကို ဦးပဇင်းနာယက ဘွဲ့ကိုခံယူပြီး အေးချမ်းရာ အစစ်ဖြစ်တဲ့ တရားဘာဝနာကို အားထုတ်နေတာလည်း ဖြစ်ပါတယ်။အေးချမ်းလှတဲ့ ဘုရားရိပ်တရားရိပ် သာသနာ့ဘောင်မှာ (၁၀)ရက်တာ ကာလမျှ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ပြီးတဲ့ နောက်မှာတော့ လူဝတ်လဲပြီး ပြန်လည်ထွက်ခွာလာခဲ့တာပါ။

သူရိယကတော့ (၁၀)ရက်တာကာလ ဦးပဇင်းနာယက အနေနဲ့ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ခဲ့ပြီး သူပြုလုပ်ခဲ့သမျှ ကုသိုလ်အစုစုကို ချစ်ရတဲ့ ပရိသတ်တွေ ထပ်တူထပ်မျှ ကုသိုလ်ရစေဖို့ ပြုပြုသမျှ ကုသိုလ်တွေကို အမျှပေးဝေထားပါသေးတယ်။ ပရိသတ်ကြီးရေ ဦးပဇင်းနာယက အဖြစ်ကနေ သူရိယအဖြစ် ပြန်လည်ရောက်ရှိလာတဲ့ သူရိယရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။