ဝေဖန်မှုတိုက်ခိုက်မှုတွေ ကြောင့် မျက်ရည်ကျခဲ့ရပေမယ့် ဂတိတစ်ခု ပေးလိုက်တဲ့ နေလင်းကျော်

အနုပညာ

နိုဝင်ဘာ (၁၅) ရက်နေ့ သောကြာနေ့ည မှာတော့ Myanmar Idol Season 4 ရဲ့ Top 10 List ထဲကနေပြိုင်ပွဲဝင် ၂ ဦးထွက်ခွာခဲ့ရကာ Top 8 ကို ရွေးချယ်သွားခဲ့ပါတယ်။

ဒီ Top 8 အနေနဲ့ နောက်တဆင့်ကို တက်လှမ်းမသွားနိုင်ခဲ့တဲ့ပြိုင်ပွဲဝင် ၂ ဦးကတော့ နှင်းအိအိဝင်းနဲ့ နေလင်းကျော်တို့ဖြစ်ပြီး Voting အနည်းဆုံးရရှိသူတွေဖြစ်တာကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပါ။ပြိုင်ပွဲဝင်နှင်းအိအိဝင်းကတော့ အပြုံးများနဲ့ မြန်မာအိုင်ဒေါကိုနှုတ်ဆက်သွားခဲ့သလို နေလင်းကျော်ကလည်း စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကျော်ဖြတ်ပြခဲ့တာပဲဖြစ်ပါတယ်။


ပြိုင်ပွဲအပြီး အင်တာဗျုးမှာတော့ နေလင်းကျော်က သူ့ကို ပြိုင်ပွဲမတိုင်ခင်မှာ လူမှုကွန်ယက်ပေါ်ကနေ ဝေဖန်မှုတွေတိုက်ခိုက်မှုတွေများစွာကို ကြုံခဲ့ရတဲ့အကြောင်းနဲ့ဒီလိုတွေကြောင့် စိတ်အလွန်အားငယ်ခဲ့ရပြီး သီချင်းသီဆိုတဲ့အခါမှာ ထိခိုက်ခဲ့ရတာလို့ ဆိုလာခဲ့တာပါ။ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး သူ့ကိုစောင့်ကြည့်ပြီးဆက်လက်အားပေးကြဖို့ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်လာအောင်ကြိုးစားသွားမယ်လို့လည်း ကတိပေးသွားခဲ့ပါသေးတယ်။

Credit-SYL