သမီးတွေနဲ့ ဘာကြောင့် ကွဲကွာခဲ့ရလဲဆိုတာကို ပြောပြလာတဲ့ ထက်အဉ္ဇလီရဲ့ ဖခင်

အနုပညာ

မြန်မာအိုင်ဒေါ အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီကတော့ လေးတန်းနှစ်လောက်ကတည်းက ကွဲကွာသွားတဲ့ ဖခင်ဖြစ်သူနဲ့ မြန်မာအိုင်ဒေါအစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေစဉ်မှာ ပြန်လည်ဆုံစည်းခဲ့ပါပြီ။အခုလို သမီးနဲ့ ကွဲကွာသွားတာနဲ့ ပတ်သက်လို့ ထက်အဉ္ဇလီရဲ့ ဖခင်ကတော့ “ကျွန်တော်က ရခိုင်ပြည်နယ်ကိုရောက်သွားတာကြောင့်၊ မိသားစုပြဿနာ ကတော့ ဘာမှမရှိပါဘူး။အဆက်အသွယ်ပြတ်သွားတာပါ။သမီးတွေကို ကျွန်တော်က ချစ်ပါတယ်။”လို့ ဖြေကြားထားတာပဲဖြစ်ပါတယ်။

သမီးဖြစ်သူ ထက်အဉ္ဇလီက မြန်မာအိုင်ဒေါမှာ Top (8)အထိရောက်ရှိနေတော့ အဖေဖြစ်သူကို တွေ့ချင်ကြောင်းပြောခဲ့တဲ့ အခါမှာတော့ ဖခင်ဖြစ်သူက”သေချာပြန်ကြည့်ပြီးတော့ သမီးဟုတ်ရောဟုတ်ရဲ့လားပေါ့။ ဝမ်းလည်းသာတယ် မျက်ရည်လည်းကျမိတယ်။”လို့လည်းပြောထားပါသေးတယ်။သမီးဖြစ်သူက တွေ့ချင်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တွေ့ခဲ့ရပေမဲ့လည်း ရွှေပေါ်ကျွန်းကို အလုပ်ကိစ္စနဲ့ ရောက်နေတာကြောင့် အခုတစ်ပတ်မှလာတွေ့ဖြစ်တာလို့လည်းသိရပါတယ်။

တချို့လူတွေပြောနေကြသလို အဖေဖြစ်သူက နောက်အိမ်ထောင်ပြုထားတယ်ဆိုနဲ့ကိုလည်း “ကျွန်တော်လည်း နောက်အိမ်ထောင်ပြုတာမျိုးတွေမရှိဘူး။ Single ပဲ၊အကြောင်းအမျိုးမျိုးလေးတွေကြောင့် ဝေးကွာနေတာပါ။”လို့လည်း ဖြေကြားထားပါသေးတယ်။ပရိသတ်ကြီးရေ ထက်အဉ္ဇလီရဲ့ ဖခင်ဖြစ်သူ အင်တာဗျူးဖြေကြားထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။