ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံလေးနဲ့အတူ ချစ်စရာကောင်းလောက်အောင်မေးခွန်းလေး ထုတ်ခဲ့တဲ့ ပိုင်ဖြိုးသု

အနုပညာ

သရုပ်ဆောင်မင်းသမီးချောလေးပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီးတို့ စုံတွဲလေးဟာချစ်စရာကောင်းလှတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။အနုပညာရှင်အချင်းချင်းလက်တွဲထားပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်အားကျရလောက်အောင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ သုသုနဲ့ ဏကြီးတို့စုံတွဲဟာ တစ်တွဲအပါအဝင်ပဲဖြစ်ပါတယ်။

အနေအေးပြီး အလိုလိုက်တတ်တဲ့ ခင်ပွန်းနဲ့ ကလေးတစ်ယောက်လို့ နွဲ့ဆိုးဆိုးပြီးချွဲတတ်တဲ့ ချစ်ဇနီးလေးဖြစ်နေတာကြောင့် နတ်ဖက်တဲ့စုံတွဲလို့တင်စားခေါ်ဝေါ်ရလောက်တဲ့ စုံတွဲလေးတစ်တွဲပါ။မကြာသေးခင်ကလည်း ချွဲတတ်တဲ့ ချစ်ဇနီးလေး ပိုင်ဖြိုးသုကတင်လိုက်တဲ့ စာတစ်ကြောင်းကြောင့် အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေရင်းကနေ ချင်ချင်းပြန်လာခဲ့တာကြောင့် ပရိသတ်တွေက အနေအေးလှတဲ့ ဒါရိုက်တာ ဏကြီးရဲ့ ရိုမန့်တစ်ဆန်မှုကြီးကို သဘောကျနေကြပါသေးတယ်။

လတ်တလောမှာလည်းသုသုက ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးရဲ့မကြာသေးခင်က ကိုရီးယားမှာ ရှိနေတုန်း ရိုက်ကူးထာတဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့ ချစ်စရာကောင်းလောက်အောင် “အဲ့ ပါးဖောင်းဖောင်းနဲ့လူကြီးကို ချစ်လို့ရလား”ဆိုပြီး သူ့ရဲ့ My Day ကနေမေးခွန်းလေးထုတ်လိုက်ပြန်ပါတယ်။ ပရိသတ်ကြီးတွေထဲမှာရော ချစ်စရာကောင်းလှတဲ့ သုသုတို့ ဇနီးမောင်နှံကို အားပေးတဲ့ ပရိသတ်တွေရှိရင် အလင်းပြခဲ့ပါဦး။