အဆိုတော်စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin တစ်ယောက်ကတော့ ဒီနေ့မှာ သူမရဲ့ ပထမဆုံး ရေကူးလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရတာဖြစ်ပြီး အသက်လေးလကျော်ဆိုတဲ့ အရွယ်နဲ့မလိုက်အောင်ပဲ ကျွမ်းကျင်စွာ ကူးတတ်နေလို့ မေမေစန္ဒီမြင့်လွင်ကတောင် အံ့သြနေရပါတယ်တဲ့။
စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” အခုဆိုရင်တော့ဖြင့် လာမယ့် အိုလံပစ်မှာ ယှဉ်ပြိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ရေကူးချန်ပီယံ တစ်တစ်တုတ်ကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ချန်ပီယံက အခုမှ ရေထဲ စဆင်းတာဖြစ်ပေမယ့် မငိုပါဘူး။ တော်တော်လေး သတ္တိကောင်းပါတယ်ခင်ဗျ။ ဒီအချက်တွေကြောင့်ပဲ လာမယ့်ပွဲစဉ်တွေမှာလည်း စောင့်ကြည့်ရမယ့်သူ တစ်ဦးဖြစ်နေပါပြီခင်ဗျ” လို့ ရေးသားထားတာဖြစ်ပါတယ်။
သရုပ်ဆောင်နဲ့ အဆိုတော် စန္ဒီမြင့်လွင်ဟာ သမီးလေး treasure lwin ရဲ့ ပုံလေးတွေကို အခါအားလျော်စွာ တင်ပေးလေ့ရှိပြီး သူမရဲ့ Fan တော်တော်များများကလည်း သမီးလေးကိုပါ ချစ်ခင်ကြတာကို တွေ့ရပါတယ်။
သမီးလေး treasure lwin ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အသက် ၄လပြည့်ခဲ့တာဖြစ်ပြီး သူမရဲ့ တစ်တုတ်နေတဲ့ ကိုယ်လုံးနဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေးလည်း ဖြစ်ပါတယ်။
Cele Star