မေမေအေသင်ရဲ့ တိုင်ပင်ဖော်လေး ဖြစ်လာမည့် အိုင်ဗီလေး

အနုပညာ

နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး အိုင်ဗီ ကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပဲဖြစ်ပြီး လက်ရှိမှာတော့ သမီးလေးအိုင်ဗီက မေမေရဲ့ တိုင်ပင်ဖော်လေး ဖြစ်လာမည့်အကြောင်းကို “ဒီမေမေ က ကာတွန်းကားအသေကြိုက် အခုဆိုကာတွန်းကားအတူတူ ကြည့်ပေးမယ့်အဖော်ရပီ ။ ကြီးရင် တိုးတိုးတိုင်ပင်ဖော်လေးဖြစ် အမေကိုဆရာပြန်တွေလုပ်၊စည်းကမ်းတွေထုတ်ဦးမှာမြင်ယောင်တယ်။

အခုတောင်မုန့်ဆိုင်မှာ မုန့်ဝယ်ရင် ပိုဝယ်မရဘူး။ တခုခုဆိုတခုပဲ။ ယူဦးမလားမေးရင် No… No … No မျက်မှောင်ကြီးနဲ့ လက်ညိုးကထိုးရသေးတယ်။ တကယ်ပဲ” လို့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေပုံလေးကို အေသင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ချစ်စနိုးနဲ့ ဖော်ပြထားပါတယ်။အိုင်ဗီလေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါလုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နေရတာပါ။

ပရိသတ်ကြီးရေ Single Mother အဖြစ်ပရိသတ်တွေရှေ့မှာ ရဲရဲဝံ့ဝံ့နဲ့ရပ်တည်နေပြီး သမီးလေးရှေ့ကနောမားမားမတ်မတ် ရပ်တည်နေတဲ့အမေတစ်ယောက်အဖြစ် မြင်တွေ့နေရတဲ့ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေကတော့ ချစ်သမီးလေးနဲ့အတူ အမေတစ်ခုသမီးတစ်ခုမိသားစုတည်ဆောက်ထားတာမို့ အခုလိုရင့်ကျက်နေတဲ့ အိုင်ဗီလေးကတော့ အားတစ်ခွက်ပါပဲ။