Myanmar Idol ရဲ့ Country Song Week မှာ တောက်ပခဲ့တဲ့နေ့ရက်များ သီချင်းနဲ့ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တဲ့ အေးမြဖြူ

အနုပညာ

လက်ရှိ Myanmar Idol Season 4 ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ အေးမြဖြူဆိုတာကတော့ တစ်ချိန်က မြန်မာသံစဉ်လေးတွေနဲ့ ကလေးသီချင်းဆိုပြိုင်ပွဲတွေမှာ အမြဲလို ဆုရရှိခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ကလေးသရုပ်ဆောင်အနေနဲ့ နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမက လက်ရှိမှာ ၁၀ တန်းကလေးတွေကို စာသင်ပေးရတဲ့ ဆရာမအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ဘာသာနဲ့အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့တဲ့ အဆိုကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ MMID season 4 မှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တာပါ။

Myanmar Idol ပြိုင်ပွဲစဉ်အတွင်း တောက်လျှောက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အသံချိုချိုအေးအေးလေးနဲ့ အသံကောင်းလွန်းသူရယ်လို့ ပရိသတ်က သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ ဒီနေ့ မှာတော့ Country Song သီဆိုယှဉ်ပြိုင်မှုမှာတော့ အေးမြဖြူဟာ တောက်ပခဲ့တဲ့နေ့ရက်များ သီချင်းနဲ့ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။