ချစ်စရာကောင်းတဲ့ သတို့သမီးအရံလေးအဖြစ် မြင်တွေ့ရတဲ့ ယွန်းယွန်း

အနုပညာ

အနုပညာမှာ ထူးချွန်လွန်းလို့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ယွန်းယွန်းကတော့ အခုဆိုရင် အရောင်အသွေးစုံတဲ့ လိပ်ပြာမလေး ဖြစ်လို့နေပါပြီ။ လတ်တလောမှာတော့ ယွန်းယွန်းလေးက သတို့သမီးအရံတစ်ဦးအနေနဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုနေနေ ချစ်စရာကောင်းသူလေး ဖြစ်တဲ့ ယွန်းယွန်းကတော့ သတို့သမီးအရံလေးတစ်ဦးအနေနဲ့ အရမ်းကို လှရက်လွန်းနေတာပဲ ဖြစ်ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် တစိမ့်စိမ့်ကြည့်ရင်တောင် မဝလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာ မိန်းမပျိုလေး ယွန်းယွန်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်းကတော့ “ဒီနေ့… 💛💛💛🍃(ပုံတင်ရင် ၃, ၄ပုံထက် ပိုမတင်ချင်ပေမယ့်လည်း ကိုယ်တိုင်မရွေးတတ်တော့တဲ့အခါ… 😅) Burmese attire : Shimi Zu” ဆိုပြီး သူမရဲ့ချစ်စရာ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတဲ့ ယွန်းယွန်းလေးရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပဲ ဖြစ်ပါတယ်။

ချစ်စရာမင်းသမီးလေး ယွန်းယွန်းကတော့ ဘယ်သွားသွား မိခင်ဖြစ်သူနဲ့အတူရှိနေတတ်ပြီး၊ မိဘအပေါ် သိတတ်တဲ့ သမီးလိမ္မာလေးဆိုရင်လည်း မမှားပါဘူး။ အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ ယွန်းယွန်းကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက် လုပ်ဖြစ်နေတာပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို လှရက်လွန်းတဲ့ နတ်မိမယ်လေး ယွန်းယွန်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source-မိုမိုလေး