မင်္ဂလာသက်တမ်း ၃၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Rockerကြီး ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံ

အနုပညာ

Rocker ကြီး ကိုညီထွဋ်လို့ လူသိများတဲ့ အဆိုတော်ဇော်ဝင်းထွဋ်တစ်ယောက်ကတော့ ဇနီးဖြစ်သူ မေခိုင်နဲ့ မင်္ဂလာသက်တမ်း ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။

Image may contain: 2 people, people sitting

Image may contain: 4 people, people smiling
ဇော်ဝင်းထွဋ်ရဲ့ သမီးကြီးဖြစ်သူ ဝင်းထွဋ်တာရာက သူမရဲ့ ဖေ့ဘုတ်မှာ ” လွန်ခဲ့တဲ့ ၃၄နှစ်တုန်းကတော့ တစ်လောကလုံးက သဘောမတူရင်တောင် မင်းကို ကိုယ်ရအောင်ယူမယ် …. ဘယ်သူမှလာမခွဲနဲ့ … မတားနဲ့ဆိုပြီး အကြိမ်ကြိမ်အခါခါ ခိုးပြေးတဲ့ ချစ်သူနှစ်ဦးဟာ… ခုလဲကျရော … မြေးဆီမှာ ဘိုးဘိုး … ဘွားဘွားကို နမ်းမယ်နော်ဆိုပြီး ခွင့်ပြုချက်ယူ အခြေအနေကြည့်နေရပါတယ်” လို့ ချစ်စဖွယ်ရေးသားထားတာပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people sitting

Image may contain: 3 people, people smiling, people standing and outdoor
ဝင်းထွဋ်တာရာဟာ သမီးလေးတစ်ဦးမွေးဖွားထားပြီး လက်ရှိမှာ Single Mom အဖြစ်နဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးလျက်ရှိနေပါတယ်။ သူမက ” Happy 34th Anniversary! ခုချိန်ထိ အားလုံးတူတူရှိနေနိုင်အောင်၊ နွေးနွေးထွေးထွေးနဲ့ ချစ်နေကြနိုင်အောင် ကြိုးစားပေး၊ အမြဲထားပေးတဲ့အတွက် အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့လည်း အဖေနဲ့အမေရဲ့ ၃၄ နှစ်ပြည့်မင်္ဂလာရက်မြတ်လေးအတွက် ဆုတောင်းပေးလိုက်ပါသေးတယ်။

Image may contain: 2 people, people smiling, people sitting and indoor

Image may contain: 2 people, people sitting and hat

Rocker ကြီးကိုချစ်တဲ့ သူ့ပရိသတ်ကတော့ ၃၄ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းရာချီပျော်ရွှင်နိုင်စေဖို့ ဆုတောင်းပေးထားကြပါတယ်။

Image may contain: 2 people, people smiling, night and outdoor

Cele Star