ဟန်နေတာရဲ့ ‘အချစ်နိဒါန်း’သီချင်း MTV ကိုရိုက်ကူးနေတဲ့ ရှင်မွေလရဲ့ပုံရိပ်များ

အနုပညာ

ရှင်မွေလဟာ ဇာတ်လမ်းတွဲတွေကတစ်ဆင့်ပရိသတ်အားပေးလက်ခံမှုများစွာရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဇတ်လမ်းတွဲတွေမှာ အကောင်းဆုံး သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုတိုအတွင်း ပရိသတ်အားပေးမှုများစွာရရှိလာသလို မြင့်မြတ်နဲ့ တူတဲ့ ရုပ်ရည်လေးကြောင့်လည်း ပရိသတ်တွေက ပိုမိုချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။

ရှင်မွေလဟာ ဟန်နေတာရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ အချစ်နိဒါန်း သီချင်းကို MTV ပြန်လည် ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းကပုံရိပ်အချို့ကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။

ရိုက်ကွင်းက ရှင်မွေလရဲ့ပုံလေးတွေကို ပရိသတ်တွေဆီမျှဝေပေးလိုက်ပါတယ်နော်

ဟန်နေတာဟာလည်း သီချင်းအလန်းတွေဖန်တီးသီဆိုနေသူဖြစ်ပြီး သူ့ရဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်ရင်ထဲရောက်ရှိပြီး ကျော်ကြားအောင်မြင်နေသူလည်းဖြစ်ပါတယ်။

ပရိသတ်တွေရော ဟန်နေတာနဲ့ရှင်မွေလကို အားပေးကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Source-မိုမိုလေး