သားလေး ကိုကိုးကို တစ်နေ့တစ်မျိုး မရိုးရအောင် ဆင်နေတဲ့ မေမေပိုးအိအိခန့်

အနုပညာ

သရုပ်ဆောင် ပိုးအိအိခန့်ကတော့ သူမရဲ့ သားလေး ကိုကိုး ကို တစ်နေ့တစ်မျိုး မရိုးရအောင် ဆင်ပေး ဓါတ်ပုံတွေ ရိုက်ပေးနဲ့ အလုပ်ရှုပ်နေရှာပါတယ်နော်။

Image may contain: 1 person, sitting

Image may contain: 1 person, sitting

Image may contain: 1 person, sitting

သားလေးကိုကိုး ကလည်း အမေဆင်တဲ့အတိုင်းကို အိုက်တင်အပြည့်နေတတ်လွန်းသူလေးပါပဲ။ မနေ့ကပုံတွေမှာတော့ အဖေဖြစ်သူ မြန်မာ့လက်ရွေးစင်အောင်သူရဲ့ စတိုင်အတိုင်း ဘောလုံးမင်းသားလေး ဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ မေမေ ပိုးအိအိခန့်ခြေရာကို နင်းမယ့် သရုပ်ဆောင်ကောင်းကောင်းနဲ့ မင်းသားစတိုင်လေး တွေ့မြင်ကြရပြန်တာဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: 1 person

Image may contain: 1 person

ကိုကိုးလေးဟာ အသက် ၄လပြည့်ခဲ့ပြီးပြီဖြစ်ပြီး သူ့ရဲ့နာမည်ကိုတော့ သွင်ဦးဟန်ဆိုပြီး ပေးထားတာ ဖြစ်ပါတယ်။ ကိုကိုးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မေမေပိုးအိအိခန့်က မကြာခဏ တင်ပေးလေ့ရှိပြီး ပရိသတ်တွေကလည်း ကိုကိုးလေးကို အချစ်ပိုနေကြတာ တွေ့ရပါတယ်။

Image may contain: 1 person

Image may contain: 1 person

Image may contain: 1 person, sitting and hat

ကဲ ဒီနေ့မှာရော မေမေပိုးအိအိခန့်တစ်ယောက် သားသားကို ဘယ်လိုတွေ ဆင်ထားလဲ၊ ဘယ်လိုစတိုင်တွေ အိုက်တင်တွေထုတ်ခိုင်းထားလဲဆိုတာ ပုံလေးတွေမှာ ကြည့်ကြည့်လိုက်ကြပါဦးနော်။

Cele Star