The Mask Singer Myanmar အစီအစဉ်ကနေ ပထမဆုံးနှုတ်ထွက်လိုက်ရတဲ့ ကျားကြီးပိုင်တံခွန်

အနုပညာ

သရုပ်ဆောင်၊ မော်ဒယ်လ်နဲ့ အဆိုတော် ပိုင်တံခွန်ကတော့ The Mask Singer Myanmar ကနေ ပထမဆုံး နှုတ်ထွက်သွားရတဲ့သူဖြစ်သွားပါပြီ။ သူဟာ ကျားကြီးဆိုတဲ့ နာမည်နဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ကျားဝတ်စုံ ဝတ်ဆင်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Image may contain: one or more people and text

Image may contain: 1 person, smiling

The Mask Singer Myanmar ဆိုတဲ့ အစီအစဉ်ကတော့ နိုင်ငံတကာမှာ ပြသနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အခု ပထမဆုံး ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အုပ်စု ၃ခုခွဲထားပြီး အုပ်စုတစ်စုမှာ ပြည်တွင်း အနုပညာရှင် ၃ဦးစီက မျက်နှာဖုံးတွေစွပ်ပြီး သီချင်းဆိုပြကြရတာပါ။ သူတို့တွေကို ခန့်မှန်းရတဲ့ ဆယ်လီစုံထောက်တွေကတော့ ခိုင်သင်းကြည်၊ ဦးအရိုင်း၊ ထွန်းထွန်း နဲ့ ရတနာမိုင်တို့ပဲ ဖြစ်ကြပါတယ်။

Image may contain: 2 people

https://scontent.frgn5-2.fna.fbcdn.net/v/t1.0-9/s960x960/77365107_272947660314312_7399483113404891136_o.jpg?_nc_cat=1&_nc_ohc=CWrc_WpKDcIAQnAvhYUW7_cidJ4xgJ7B_DIYFpNPOJZMVqFv5uEdfgFIQ&_nc_ht=scontent.frgn5-2.fna&oh=0ea074fb82237398a1d2f40e067e33f5&oe=5E84C229

ဒါပေမယ့် အခုအချိန်အထိတော့ ဆယ်လီစုံထောက်တွေ ခန့်မှန်းချက်တွေက လွဲချော်နေဆဲပါပဲ၊ နည်းနည်းမှတောင် မနီးစပ်သေးပါဘူး။ ဒီအနုပညာရှင်တွေကို ခန့်မှန်းကြတဲ့ ပရိသတ်တွေကတော့ မှန်ကန်အောင် ဖြေဆိုနိုင်ကြတာကိုလည်း တွေ့ရပါတယ်။

Image may contain: 5 people, people smiling, people standing

Image may contain: 1 person

Group A ထဲက ကျားကြီးက ပိုင်တံခွန်ဆိုပြီး ပရိသတ်က ခန့်မှန်းခဲ့ကြတာဖြစ်ပြီး ဒါဟာ ကွက်တိမှန်ကန်နေခဲ့ပါတယ်။ ပြီးတော့ ဂြိုလ်သားက အုပ်စိုးခန့်၊ နဂါးက အေသင်ချိုဆွေလို့လည်း ခန့်မှန်းထားကြပြီးတော့ Group B မှာဆိုရင်  ဇီးကွက်က ဟန်သီ၊ သီးမွှေးက ပိုပိုဟေသာ၊ ဇော်ဂျီက ဝေကြီးရယ်လို့ ခန့်မှန်းထားကြပါသေးတယ်။ Group C မှာ ပါဝင်တဲ့ ယက္ခက ဦးကျော်ထူးဆိုတာကိုလည်း တော်တော်များများက သိနေကြပြီလို့ ပြောထားကြပါသေးတယ်။ ဒါ့အပြင် Group C မှာ ယက္ခအပြင် ဖိုးဝနဲ့ နာနတ်သီးတို့လည်း ပါဝင်ပါသေးတယ်။

Image may contain: one or more people, people on stage and concert

မျက်နှာဖုံးဝတ် အနုပညာရှင်တွေထဲက ပရိသတ်အသိချင်ဆုံးနဲ့ ဒိုင်တွေအသိချင်ဆုံးတစ်ဦးကို မဲပေးပြီး မဲအများဆုံးလူက မျက်နှာဖုံးချွတ်ပြပြီး ပြိုင်ပွဲက ထွက်ခွာပေးရတာပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် နောက်အပတ်တွေမှာ The Mask Singer Myanmar Group B ထဲက နောက်ထပ်တစ်ယောက် မျက်နှာဖုံးချွတ်ရမှာဖြစ်လို့ ဘယ်သူကများမျက်နှာဖုံးချွတ်ပြီး ထွက်ခွာရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Image may contain: 1 person

Cele Star