အက်စတာနဲ့ အေးမြဖြူကို ဗုတ်တင်မကျော်နိုင်ပဲ မြန်မာအိုင်ဒေါကနေ ထွက်ခွာခဲ့ရတဲ့ တန်ခွန်ကျော်

အနုပညာ

ဒီနေ့လေးဟာ မြန်မာအိုင်ဒေါ Season-4 ရဲ့ Result Show နေ့လေးပဲဖြစ်ပါတယ်။ Myanmar Idol ဟာ Season-1 မှစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ တွေ့ရပါတယ်။

အပတ်တိုင်း Result Show ကို ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲဝင်တွေထွက်သွားခဲ့ရတာ ယခုဆိုရင်တော့ ပြိုင်ပွဲဝင် (၈) ဦးပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒိုင် (၃) ယောက်ကတော့ ပြိုင်ပွဲတစ်လျှောက် တစ်ခါတည်းသာ သုံးခွင့်ရှိတဲ့ Save ကို နော်စေးစေးထူးအတွက် အသုံးပြုခဲ့တာတွေ့ရပါတယ်။

ဒီတစ်ပတ် Country Week မှာတော့ ပထမဦးဆုံး Bottom 3 ကို အက်စတာနဲ့ အေးမြဖြူက ထိုင်ခဲ့ရတာဖြစ်ပါတယ်။ အက်စတာနဲ့ အေးမြဖြူ တို့ ၂ ဦးဟာ Fan အများဆုံးလို့ပြောရတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် Bottom 3 ကို ပထမဆုံးထိုင်ခဲ့ရပါတယ်။

Country Week အပြီးမှာတော့ ဒီတစ်ပတ်ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ရာခိုင်နှုန်းများတဲ့ (၃) ဦး ထွက်ပေါ်လာခဲ့ပါတယ် ။ အက်စတာ ၊ အေးမြဖြူနဲ့ တန်ခွန်ကျော်တို့ ၃ ဦးဟာ Country Week မှာ ပထမဆုံး Bottom 3 ကိုထိုင်ခဲ့ကြရပါတယ်။

အက်စတာနဲ့ အေးမြဖြူတို့ကတော့ ပရိသတ်တွေရဲ့ ဗုတ်တင်နဲ့ Save ဖြစ်ခဲ့ပေမယ့် တန်ခွန်ကျော်တစ်ယောက် မြန်မာအိုင်ဒေါကို နှုတ်ဆက်အိမ်ပြန်ခဲ့ရပါတယ်။

တန်ခွန်ကျော်ပရိသတ်တွေအတွက်တော့ ဒါဟာ စိတ်မကောင်းစရာ သတင်းတစ်ခုပါ။ ဒိုင်ဖြစ်သူ ဖြူဖြူကျော်သိန်းကတော့ သူသာတန်ခိုးရှိမယ်ဆိုရင် ဒီနေ့ ဒီလိုဖြစ်မလာဘူးလို့ ချီးကျူးလိုက်ပါတယ်။ တန်ခွန်ကျော်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

We Love Cele