အနုပညာမောင်နှမတွေနဲ့အတူ ငယ်ဘဝတုန်းကရိုက်ထားတဲ့ပုံဟောင်းလေးတွေကို ထုတ်ပြလိုက်တဲ့ ချောရတနာ

အနုပညာ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ခေတ်ကတည်းကလုပ်ဆောင်ခဲ့တာကြောင့် အနုပညာသက်တမ်းကတော့ ၁၀စုနှစ်ကျော်ရှိနေပါပြီနော်။ချောရတနာက လက်ရှိမှာဆိုရင် မိသားစုလေးနဲ့အတူအေးချမ်းစွာနေထိုင်ပြီး သားနဲ့သမီးကို ပြုစုစောင့်ရှောက်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

သားနဲ့သမီးကလည်း နည်းနည်းလေးအရွယ်‌ရောက်လာကြပြီဖြစ်လို့ မေမေချောရတနာကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ဆောင်နေပါပြီ။ချောရတနာရဲ့ ညီမလေးသန္တာဗိုလ်ကလည်း အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်လို့ ညီအစ်မနှစ်ယောက်ကတော့ အတူတူတွဲပြီးလည်း ကြော်ငြာတွေရိုက်ပါတယ်နော်။

အခုဆိုရင်တော့ ချောရတနာက အနုပညာမောင်နှမတွေနဲ့အတူ ငယ်ဘဝတုန်းကဓာတ်ပုံရိုက်ထားတဲ့ပုံဟောင်းလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။သန္တာဗိုလ်ရဲ့ငယ်ဘဝပုံလေးကလည်းချစ်ဖို့ကောင်းသလို ခင်လေးနွယ်ကလည်းအရမ်းလှပါတယ်နော်။ဟာသသရုပ်ဆောင်ကင်းကောင်ရဲ့ပုံရိပ်လေးကလည်း ပြန်သတိရစေတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။