အရွယ်နဲ့မလိုက်အောင် တူကိုင်ကျွမ်းလွန်းကြောင်း အသိအမှတ်ပြုခဲ့ရတဲ့ ချစ်ချစ်တုန်

အနုပညာ

အာဇာနည်ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သူ့ ရဲ့သီချင်းတွေဟာပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိတာပဲ ဖြစ်ပြီး မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေအများအပြား အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အမျိုးသားအဆိုရှင်တစ်ဦးဖြစ်ပါတယ်။

အာဇာနည်ကတော့အနုပညာပိုင်းမှာအောင်မြင်နေတဲ့အပြင် အိမ်ထောင်ရေးမှာလည်း လှပကျော့ရှင်းပြီးအိမ်ထောင်မှုနိုင်နင်းတဲ့ တစ်ချိန်ကမော်ဒယ်လ်မင်းသမီး ဖြစ်တဲ့ ချစ်ဇနီးဝမ်းနဲ့အတူပရိသတ်တွေက သည်းသည်းလှုပ်ချစ်ခင်အားပေးကြတဲ့ သားနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ ချစ်ခင်နှစ်သက်အားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပဲ ဖြစ်ပါတယ်။

အာဇာနည်တို့ဇနီးမောင်နှံဟာ ယခုဆိုရင် ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် တို့ ညီအစ်ကိုနှစ်ယောက်ကို ချစ်ပြီးအားပေးတဲ့သူတွေအတွက် သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မြင်ရစေဖို့” Phit Phit Chit Chit ” ဆိုတဲ့ Page လေးကို ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်ချစ်တုန်လေးဟာဆိုရင် ကိုယ်တိုင် တူနဲ့ခေါက်ဆွဲစားလောက်အောင် အရွယ်ရောက်လာပီလို့ဆိုရမှာပါ။ သေသေသပ်သပ်နဲ့ အရွယ်နဲ့မလိုက်အောင် လိမ္မာတဲ့ကလေးလေးပဲ ဖြစ်ပါတယ်။တစ်ချို့သောလူကြီးတွေ တောင် တူနဲ့ သေသေသပ်သပ်မစားနိုင်ကြပေမယ့် ချစ်ချစ်တုန်လေးကတော့ အေးဆေးကျွမ်းကျင်စွာ စားပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်ချစ်တုန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစfခုခုပေးခဲ့ပါဦးနော်။