ဟင်္သာတမြို့က ပရိသတ်တွေကို သူနဲ့အတူ တရားနာဖို့ ဖိတ်လိုက်တဲ့ ဖြိုးမြတ်အောင်

အနုပညာ

ရိုးရှင်းတဲ့ စိတ်ထားနဲ့ ထူးခြားတဲ့အသံတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ဘာသာရေးကိုင်းရှိုင်းလွန်းသူ တစ်ဉီးပါ။ လတ်​တ​လောမှာ​တော့ ဖြိုးမြတ်​အောင်​က ချင်းတောင်တန်း ဆရာတော်ဘုရားကြီးရဲ့ တရားတော်နာကြားဖို့ ဟင်္သာတမြို့ကပရိသတ်တွေကို ဖိတ်ကြားနေတဲ့အကြောင်း လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘာသာတရားကို လိုက်စားလွန်းတဲ့ ဖြိုးမြတ်​အောင်​က​တော့ သူ့ရဲ့စိတ်ထားလေးကြောင့် လူချစ်​လူခင်​ပေါများသူတစ်​ဦးဆိုလည်း မမှားပါဘူး။

ချစ်​ပရိသတ်​တွေအတွက်​ ပရိသတ်တွေကိုလည်း ကုသိုလ်ရေးလုပ်ဖို့ နှိုးဆော်နေတဲ့ ဖြိုးမြတ်​အောင်​ရဲ့အကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ဖြိုးမြတ်အောင်ကတော့ “ယနေ့ညနေ၅နာရီ တွင် ချင်းတောင်တန်း ဆရာတော် ဘုရား🙏🙏🙏Family Hotel တွင် တရားဟောကြားမည်ဖြစ်ပါသဖြင့်ဟင်္သာတမြို့ရှိ သူတော်ကောင်း အပေါင်းတို့ တရား နာကြွရောက်ပါရန် ဖိတ်မံအပ်ပါသည် ခင်ဗျား🙏🙏🙏” ဆိုပြီး တရားဘာဝနာ ပွားများဖို့ ဟင်္သာတက ပရိသတ်တွေကို ဖိတ်ခေါ်ထားတာပါ။


ဖြိုးမြတ်​အောင်​က​တော့ လတ်​တ​လောမှာ သူချစ်​ရတဲ့သီချင်း​တွေ​ကို ခံစားချက်​အပြည့်​နဲ့ အ​ကောင်းဆုံးကြိုးစားလုပ်​ကိုင်​နေတယ်​လို့ သိရပါတယ်​။ မိုမိုလေး