(၄၁) သိန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပန်းချီကား

အနုပညာ

ပရိသတ်တွေကြား အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မင်းသမီးကတော့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ပါ။ အကယ်ဒမီတွေ ဆွတ်ခူးထားပြီး ဖြစ်သလို နိုင်ငံရပ်ခြားမှာပါ အောင်မြင်မှုသတင်း ပွင့်လန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အမြဲမပြတ် ထိတွေ့နေရမယ်ဆိုတဲ့ အနုပညာရှင် ထုံးစံအတိုင်း kit Kit fan meeting ကိုတော့ Junction Square မှာ နိုဝင်ဘာလ (၂၁) ရက်နေ့က ကျင်းပခဲ့ပါတယ်။

ကူပွန်တစ်စောင်ကို (၅၀၀၀)ကျပ်နဲ့ free show ပါ ကျင်းပပေးခဲ့သလို အားတီ၊ မယ်ရီ ၊ နီနီခင်ဇော် ၊ သီရိဆွေနဲ့ အုပ်စိုးခန်တို့က ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ Project K အဖွဲ့ရဲ့ ကပြဖျော်ဖြေမှုတွေကိုလည်း မြင်တွေ့ခွင့် ရသလို ဝတ်မှုန်ရွှေရည်ကလည်း တူတူ ပါဝင်ဖျော်ဖြေခဲ့တာပါ။

Fan meeting မှာ ထူးထူးခြားခြား အနေနဲ့ ကစ်ကစ်ရဲ့ ရုပ်ပြောင်ပုံတူကို လေလံတင်ခဲ့ပါတယ်။ သောင်းဂဏန်းကနေ စပြီး လေလံဆွဲလိုက်တဲ့ ပန်းချီကားက (၄၁) သိန်းမှာတော့ လေလံရပ်သွားခဲ့တာပါ။ ရသမျှ လေလံငွေ (၄၁) သိန်းအပြင် နောက်ထပ် ကိုးသိန်းဖြည့်ပြီး သိန်းငါးဆယ်ကိုတော့ အလှူငွေအဖြစ် လှူဒါန်းခဲ့ပါတယ်။

ကစ်ကစ်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေတဲ့ ပွဲလေးမှာ ပန်းချီကားနဲ့ အလှူဒါန ပြန်လည် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။