‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီးမှာ တွေ့ရတဲ့ သရုပ်ဆောင်နေတိုးရဲ့ ပုံရိပ်များ

အနုပညာ

ပရိသတ်အချစ်တော် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ နေတိုးဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ အမြဲလိုလိုအေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အနုပညာအလုပ်ကိုလေးလေးစား လုပ်ကိုင်တတ်သူလည်းဖြစ်ပါတယ်။ သူရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ပရိသတ်တွေကိုလေးစားမှုတွေကြောင့် ပရိသတ်တွေကလည်းအချစ်ပိုနေတာဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ‘ဗိုလ်နေတိုး’ရုပ်ရှင်ဇာတ်ကားကြီးက နေတိုးရဲ့ပုံရိပ်တွေကိုမျှဝေပေးလိုက်ပါတယ်နော်


‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ (၂၁) ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအဖြစ် နေတိုး၊ မင်းဦး၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ ထူးခြား၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသု၊ နန်းခင်ဇေယျာတို့ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။


လက်ရှိမှာ ပရိသတ်အချစ်တော် နေတိုးရဲ့ အချစ်ရေးကတော့ အေးဆေးတည်ငြိမ်နေလျှက်ရှိနေပြီး အနုပညာအလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

ပရိသတ်တွေလည်း ‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီးကို သွားအားပေးလိုက်ကြပါအုံးနော်။ မိုမိုလေး