သူ့နှလုံးသားကို ခိုးယူသွားတဲ့ ချစ်စရာကောင်မလေးကို ပြသလိုက်တဲ့ Ah Boy

အနုပညာ

ပရိသတ်တွေ အရမ်းအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် Ah Boy ကတော့ ချစ်ရတဲ့ ဇနီးချောလေးရယ်၊ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတွေနဲ့ အေးချမ်းပျော်ရွှင်နေတာပါ။ လတ်တလောမှာတော့ Ah Boy က သူ့ရဲ့နှလုံးသားကို ခိုးယူသွားတဲ့ ကောင်မလေးဆိုပြီး ချစ်ရတဲ့ သမီးလေး Scarlett ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရုပ်သေးသေးလေးလို ချစ်စရာကောင်းလွန်းတဲ့ Scarlett ရဲ့ပုံရိပ်တွေကတော့ ဖေဖေ Ah boy မပြောနဲ့၊ ပရိသတ်တွေကလည်း အရမ်းကို အသည်းယားနေကြတာပါနော်။


ချစ်ပရိသတ်တွေအတွက် စကားစပြောနေပြီဖြစ်တဲ့ အငယ်ဆုံး သမီးလေးကို ချစ်မဝဖြစ်နေတဲ့ ဖေဖေကြီး Ah Boy ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


Ah Boy ကတော့ “There is this girl who stole my heart and she calls me Daddy. ❤️ Scarlett Phyo Tun” ဆိုပြီး Daddy လို့ခေါ်ပြီး သူ့နှလုံးသားကို ခိုးယူသွားတဲ့ ကောင်မလေးအကြောင်းကို ပြောထားတာပါ။ အဖေတွေက သမီးတွေရဲ့အချစ်ဦးလို့ ပြောကြသလိုပါပဲ၊ စကားလက်လေးကလည်း ဖေဖေ ah boy ကို အရမ်းကပ်ပြီး ချွဲတတ်သူလေးပါတဲ့နော်။

အဖေနဲ့ အမေကချောလို့ သမီးလေး စကားလက်ကလည်း အရမ်းချစ်ဖို့ကောင်းနေတာနေမှာ…။


ပျော်စရာကောင်းတဲ့ မိသားစုလေး…။

အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့နှစ်ဦးကတော့ သီချင်းသစ်တွေလည်း လုပ်ဖို့ရှိတယ်လို့ ပရိသတ်တွေကို သတင်းကောင်းပါးထားပါသေးတယ်။ လက်ရှိမှာတော့ ခရီးတွေဆက်တိုက်ထွက်ဖြစ်နေတဲ့ သူတို့ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို မိသားစုပုံရိပ်တွေကိုလည်း ဝေမျှပေးလေ့ရှိပါတယ်။ မိုမိုလေး