သရုပ်ဆောင်နဲ့အဆိုတော် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ရဲ့ မျိုးဆက်သစ်လေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကတော့ ဖေဖေလင်း နားမလည်တဲ့ ဂြိုလ်သားစကားလေးတွေ ပြောရင်း အချင်းချင်း အဆင်ပြေနေကြတာတွေ့ရပါတယ်။
လင်းလင်းက ခေတ်နဲ့သစ်တို့ အပြန်အလှန် ပြောနေတဲ့ ဗီဒီယိုလေးကို တင်လိုက်ပြီး ” ဒင်းလေးတို့နှစ်ယောက် မေမေ့ဗိုက်ထဲကတည်းက အတူတူနေလာလို့ အဖော်ရနေတာတော့ လက်ခံပါတယ်၊ အေး အသက်ကြီးလာလို့ အဖေနဲ့အမေ နားမလည်တဲ့ဂြိုလ်သားစကားတွေပြောပြီး ကျုပ်တို့နှစ်ယောက်ကို စကားဝိုင်းထဲမသွင်းရင် တွေ့မယ် ဟွန်း” လို့ ဆိုလိုက်တာပါ။
ခေတ်လေးနဲ့ သစ်လေးတို့ဟာ အင်္ဂလိပ်စကားလို့လည်း ပြောလို့မရ မြန်မာစကားလည်း မဟုတ်တဲ့ ဘာသာစကားတစ်မျိုးကို နှစ်ဦးသား အတိုင်အဖောက်ညီညီ အချီအချပြောဆိုနေကြတာ ဖြစ်ပါတယ်။
ခေတ်နဲ့သစ်တို့ဟာ ဒီလိုစကားပြောပုံမျိုးကို မကြာခဏပြောဆိုလေ့ရှိကြပြီး တစ်ခါတစ်ရံ ဒါဟာ ကိုရီးယားစကားလို့ သူတို့ကပြောတတ်သေးတာပါ။ ဖေဖေလင်းလင်းနဲ့ မေမေချစ်သုတို့ကတော့ ဒီစကားတွေကိုနားမလည်ကြတဲ့အတွက် ဘေးကနေ ဗီဒီယိုရိုက်တင်ပေးပြီး ပရိသတ်တွေကို ပြသလေ့ရှိကြတာဖြစ်ပါတယ်။
ပရိသတ်ကြီးရော ခေတ်နဲ့သစ်တို့ရဲ့ ဘာသာစကားအသစ်ကို နားလည်ကြလား၊ ဒါမှမဟုတ် တကယ်ပဲ ဂြိုလ်သားစကားတွေပြောနေတာလားဆိုတာ ဗီဒီယိုလေးကိုကြည့်ပြီး ဝေဖန်ပေးသွားကြပါဦးနော်။
Cele Star