ဖေဖေရဲ့အမူအရာအသေးအမွှားလေးကအစ အတုယူနေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားသားလေး Peach

အနုပညာ

အိမ်ထောင်ကျပြီးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကတော့ သူမကိုအရမ်းချစ်ပြီဂရုစိုက်တတ်တဲ့ ခင်ပွန်းကောင်းကို ရရှိခဲ့တာကြောင့် အိမ်ထောင်ရေးကံကောင်းသူပဲဖြစ်ပါတယ်။မက်မွန်သီးလေးလိုချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေသည်းသည်းလှုပ်အချစ်ခံနေရတဲ့ သားလေး Peachကိုပိုင်ဆိုင်ထားပါသေးတယ်။လက်ရှိမှာတော့ ချစ်စရာသားလေးက ခင်ပွန်းရဲ့အပြုအမူသေးသေးလေးတွေကအစ အတုယူနေတဲ့ ချစ်စရာ ဗီဒီယိုလေးကို သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီဗီဒီယိုဖိုင်လေးထဲမှာတော့ သာလေး Peach က ဖေဖေစတီဗင်လှ တစ်ယောက်အလုပ်ကိစ္စနဲက ဖုန်းပြောနေတာကို ကြည့်ကာ လက်လေးလုပ်ပြီးပြောတာကို အတုယူကာ ဖုန်းပြောနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဒီဗီယိုဖိုင်လေးကြည့်ပြီး ချစ်စရာကောင်းလွန်းတဲ့ သားသားလေး Peach လေးကိုတော့ အချစ်ပိုနေကြမှာအမှန်ပါ။ သဉ္ဇာနွယ်ဝင်းတစ်ယောက်ကတော့ အိမ်ထောင်ကျပြီးထဲက အနုပညာအလုပ်တွေကိုရပ်နားသွားခဲ့တဲ့သူဖြစ်ပေမယ့် အခုချိန်ထိ ပရိသတ်တွေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာအောက်မှာ အားပေးနေဆဲပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ ဒုတိယမြောက်ကိုယ်ဝန်ကို လွယ်ထားရပြီး သမီးလေးလို့ သိထားရကာ Peach လေးကလည်း စကားတွေစပြောကာ ချစ်စဖွယ် အမူအရာတွေကိုမျိုးစုံလုပ်ပြတတ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး သားသားလေး Peach ကိုအချစ်ပိုစေမယ့် ချစ်စရာဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်။