သူမနဲ့တူတဲ့ဝမ်းကွဲညီမချောချောလေးကိုရလို့ အတူတူဆော့ဖို့တစ်ယောက်တိုးပြီဆိုပြီး ပျော်ရွှင်နေတဲ့သဇင်ထူးမြင့်

အနုပညာ

ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။သဇင်ထူးမြင့်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေသလို ကြော်ငြာတွေအများအပြားကိုလည်းလက်ခံရိုက်ကူးနေတာကြောင့် အနုပညာခြေလှမ်းတွေကအရမ်းစိပ်နေပါတယ်နော်။

ခင်လှိုင်ကလည်း သမီးချောလေးရဲ့ဆန္ဒကိုအကောင်းဆုံးဖြည့်ဆည်းပေးတဲ့ဖခင်ကောင်းတစ်ယောက်ပါနော်။ပရိသတ်တွေကတော့ ခင်လှိုင်နဲ့သဇင်ထူးမြင့်တို့ သားအဖနှစ်ယောက်လုံးကို ချစ်ခင်အားပေးကြပါတယ်။


သဇင်ထူးမြင့်ကလည်း မိဘစကားကိုမြေဝယ်မကျနားထောင်တဲ့သမီးလိမ္မာလေးဖြစ်တဲ့အပြင် စိတ်ထားလေးဖြူစင်ပြီးမာန်မာနကင်းမဲ့လို့လည်း လူချစ်လူခင်ပေါများပါတယ်နော်။အခုဆိုရင်တော့ သဇင်ထူးမြင့်က”အတူတူဆော့ဖို့အငယ်ဆုံးလေးတစ်ယောက်တိုးလာပြီ”ဆိုပြီး ဝမ်းကွဲညီမလေးရလို့ပျော်ရွှင်နေတာဖြစ်ပါတယ်။

ဖေဖေခင်လှိုင်ကလည်း”သမီးကိုမွေးတုန်းကပုံနဲ့တူတယ်”လို့ ကွန်မန့်မှာပြောထားသလို သဲလေးကလည်း”ဟုတ်တယ် သမီးနဲ့တူလို့babyလေးကချောမှာ”ဆိုပြီး သားအဖနှစ်ယောက်အတိုင်အဖောက်ညီနေကြတာဖြစ်ပါတယ်နော်။