The Model Academy မှာ ဒိုင်လူကြီးလုပ်ခဲ့တဲ့ သန္တာလှိုင်ကို Death of Angel လို့တင်စားပြီး ပန်းချီဆွဲပေးခြင်းခံရ

အနုပညာ

The Model Academy ပြိုင်ပွဲကတော့ မော်ဒယ်လ်လောကမှာ တောက်ပလာမဲ့ အသီးအပွင့်လေးတွေကို ပျိုးထောင်ပေးတဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ဒီပွဲမှာ Challenge ပေါင်းများစွာကို ပြိုင်ပွဲဝင်တွေကခက်ခက်ခဲခဲဖြတ်ကျော်ပြီး ယှဉ်ပြိုင်ရသလို အရည်အသွေးများစွာတိုးတက်လာခဲ့ပါတယ်။ဒီလိုဒိတ်ဒိတ်ကြဲမော်ဒယ်လ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲဝါရင့်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ Mentorအနေနဲ့သာမက Judge တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။


အတွေ့အကြုံများစွာရှိသလို အသက်လေးဆယ်ကျော်အထိလှပနေတဲ့ သန္ထာလှိုင်ဟာတက်သစ်သတွေအတွက်ကတော့ တကယ့်ကို စံပြတစ်ယောက်ဖြစ်ပါတယ်။ဒီပြိုင်ပွဲအတွင်းမှာတော့ အကောင်းဆုံးသင်ပြအကြံညဏ်တွေပေးပြီး ပြိုင်ပွဲဝင်တွေအပေါ်စေတနာထားခဲ့တာကို မြင်တွေ့နိုင်ပါတယ်။ပြိုင်ပွဲစည်းကမ်းအရ အဆင့်တိုင်းမှာအမှတ်အနည်းဆုံးရရှိသူကို ထုတ်ပယ်ရတာဖြစ်ပါတယ်။


အပြိုင်အဆိုင်ကြိုးစားကြတဲ့ ပြိုင်ပွဲဝင်တွေအနက်က တစ်ယောက်ကိုထုတ်ပယ်ရတာကတော့မလွယ်ကူလှပါဘူး။သန္တာလှိုင်ကတော့ ဒီတာဝန်ကိုမဖြစ်မနေလုပ်ဆောင်ခဲ့ရပါတယ်။ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက်အိမ်ပြန်လွှတ်ကြောင့် Artist တစ်ယောက်က Angel of Death လို့နာမည်ပေးပြီးပုံဆွဲပေးခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို သန္တာလှိုင်ကတော့ ဖေ့ဘွတ်မှာပြန်မျှဝေထားပါသေးတယ်နော်….