အရမ်းချောမောခန့်ညားပြီးပညာရေးမှာထူးချွန်တဲ့ဖေဖေ့ရဲ့ ငယ်ဘဝပုံရိပ်လေးကို ထုတ်ပြလိုက်တဲ့ သင်ဇာဝင့်ကျော်

အနုပညာ

ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သင်ဇာက လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ရပ်တည်နေတာပါနော်။ပရိသတ်တွေကလည်း သင်ဇာ့ရဲ့အနုပညာခြေလှမ်းတိုင်းကိုစောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာပါ။

သင်ဇာက စိတ်ထားလေးလည်းဖြူစင်ပြီး သဘောမနောကောင်းသူလေးဖြစ်လို့ လူချစ်လူခင်ပေါများတဲ့အပြင် ပရိသတ်တွေကလည်းသူမရဲ့စိတ်ဓာတ်လေးကိုချီးကျူးနေရတာဖြစ်ပါတယ်။မိဘအပေါ်မှာလည်းသိတတ်ပြီး လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်လို့ သူမလုပ်ကိုင်တဲ့အလုပ်မှန်သမျှကလည်း အောင်မြင်မှုတွေကိုအမြဲရရှိနေတာပါနော်။

အခုဆိုရင်တော့ သင်ဇာက သူမရဲ့ဖခင်ဖြစ်သူရဲ့ငယ်ငယ်တုန်းကပုံရိပ်လေးကိုချပြလိုက်ပြီး”ကိုယ့်အဖေလိုချောပြီးပညာထူးချွန်မှ ဘဝထဲဝင်ခဲ့ပါ …..Anyway I love u & miss u dad”ဆိုကာ ဖေဖေ့ရဲ့ခန့်ညားချောမောနေတဲ့ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။သင်ဇာ့ရဲ့ဖေဖေကလည်း ဥပဓိရုပ်အရမ်းကောင်းပြီးချောမောခန့်ညားနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။