“ကိုယ်ကတော့ ဝေဖန်လိုက်တယ်၊ တစ်ဖက်လူ ခံစားရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာကြပါ”လို့ ပြောလာတဲ့ ကစ်ကစ်ရဲ့သမီးလေး ဇွန်ပြည့်

အနုပညာ

ပရိသတ်တွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တဲ့ ဟာသသရုပ်ဆောင် ဇာတ်ပို့၊ ဇာတ်ရံ ကစ်ကစ်က မနေ့က နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားပြီပဲ ဖြစ်ပါတယ်။ ကစ်ကစ်ဟာ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရပြီး နှစ်ရှည်လများ အနုပညာလုပ်ငန်းတွေကိုရပ်နားပြီး ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ ကစ်ကစ်က ဆေးရုံနဲ့ အိမ်နဲ့ကို အကူးအလူးလောက်နေခဲ့ရတာ အချိန်အတော်ကြာနေပြီ ဖြစ်ပါတယ်။

ကစ်ကစ်က မနေ့က နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် (၁၀ နာရီ ၄၀ မိနစ်) က ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပြည့်ကတော့ မိခင်ကိုမစောင့်ရှောက်ပဲ ပြစ်ထားတယ်လို့ ပရိသတ်တွေက ဝေဖန်နေတာကို “ကိုယ်ကတော့ ဝေဖန်လိုက်တယ်၊ တစ်ဖက်လူ ခံစားရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာကြပါ”ဆိုပြီးပြောလာခဲ့ပါတယ်။ပရိသတ်ကြီးအတွက် ဇွန်ပြည့်ရဲ့ Interview လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Source-စွယ်စုံ