တူမလေးကိုလက်ကမချချင်ရလောက်အောင်အချစ်တွေပိုနေရတဲ့ အေးမြတ်သူ

အနုပညာ

အေးမြတ်သူဟာ မြန်မာနိုင်ငံရဲ့မင်းသမီးများစွာထဲကမှ ချစ်စဖွယ် ပါးချိုင့်လေးတွေနဲ့ပရိတ်သတ်တွေရဲ့ရင်ထဲကို နေရာအပြည့်ယူထားတဲ့ ချစ်ဖို့အရမ်းကောင်းလွန်းတဲ့ မင်းသမီလေးတစ်ယောက်ပါ။ သူမရဲ့ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးနဲ့ဖော်ရွေတတ်တဲ့ ချစ်စရာအပြုအမူလေးတွေကြောင့်လည်း ဆယ်စုနစ်တိုင်အောင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို ယနေ့ထက်ထိ အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ မြန်မာဆန်ဆန်လေးတွေအမြဲဝတ်စားဆင်ယင်မှုတို့ကြောင့်လည်း အားလုံးကချစ်ခင်နေရတာပါ။

သူမဟာ ခန္ဓာကိုယ်အချိုးစားပြေပြစ်သူဖြစ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေကြားမှာ ကျော်ကြားအောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။ ဒါ့အပြင်သူမရဲ့ ပွင့်လင်းရိုးသားလွန်းတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေကယနေ့ထိချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အချစ်ရေးကိုလည်း အထူးစိတ်ဝင်စားနေကြတာပါ။

အခုတစ်ခါမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် မိသားစုပုံရိပ်လေးတွေ တင်ထားတာပါ။ ” ခင်မျိုးချစ် နှင့် သူမ၏ချစ်​သော​ဆွေမျိုးများ ချို​သောဒီဇင်ဘာ​နေ့ အမှတ်တရ ၂၀၂၀ ကို ​ဆွေမျိုး​​တွေကို ချုပ်​ပြီး.. အချိန်​တွေကုန်ဆုံးမယ် အလုပ်​တွေလုပ်မယ် ​မိသားစုနဲ့ပျော်စရာအချိန်​တွေ ကုန်ဆုံးမယ် Four Seasons မှာ ဒစ်စ​ကောင့်​တွေ ရှိ​တော့ ​ဆွေမျိုး​တွေ​ခေါ်လာပြီး sweet ပစ်လိုက်တယ်ရှင့်” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။