မေမေနန်းမြတ်နဲ့အတူ သဲတွေကိုအားရပါးရကိုင်ပြီးပျော်ရွှင်စွာဆော့ကစားနေတဲ့ Jack Jackလေး

အနုပညာ

ပရိသတ်ကြီးရေ မေမေနန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာသားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့မိခင်တစ်ယောက်ပါနော်။နန်းမြတ်က သားလေးမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နန်းမြတ်တို့မိသားစုလေးက ပျော်ရွှင်နွေးထွေးမှုအပြည့်ရှိလို့ အရမ်းအားကျစရာကောင်းပြီး အတုယူစရာမိသားစုလေးပါနော်။နန်းမြတ်ရဲ့ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းမှာ ချစ်ဇနီးနဲ့သားလေးကို အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။နန်းမြတ်ကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပီသလို့ သားလေးနဲ့ခင်ပွန်းအတွက် လစ်ဟင်းမှုဆိုတာ မရှိစေရပါဘူးနော်။

နန်းမြတ်တို့မိသားစုလေးကတော့ မကြာသေးခင်ရက်ပိုင်းက ချောင်းသာကို ခရီးထွက်ကြပြီး ‌အေးချမ်းစွာနဲ့အပန်းဖြေနေကြတာဖြစ်ပါတယ်။နန်းမြတ်တို့သားအမိနှစ်ယောက်ကတော့ ရေထဲဆင်းပြီး သဲတွေနဲ့ပျော်ပျော်ပါးပါးကစားနေကြတာဖြစ်ပြီး မိသားစုသုံးယောက်ကြည်နူးနေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။