မေမေ့ခြေထောက်လေးကိုတယုတယနဲ့ရေသုတ်ပေးနေကာ ချစ်လိုက်တာဆိုပြီးအာဘွားတွေပေးနေတဲ့ Roar Roarလေး

အနုပညာ

ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုပန်ထွာကတော့ အနုပညာလောကမှာတစ်ခေတ်တစ်ခါကတည်းကရပ်တည်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ ဆုပန်ထွာကပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဆုပန်ထွာရဲ့အေးချမ်းသာယာတဲ့မိသားစုလေးကို ပရိသတ်ကြီးကလည်း အားကျကြပါတယ်နော်။

လက်တလောမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ဆုပန်ထွာက သားလေးနဲ့ချစ်ခင်ပွန်းအတွက်လည်း လစ်ဟင်းမှုမရှိအောင်ဆောင်ရွက်ပေးနေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ပါနော်။Roar Roar လေးကလည်း ချစ်မွှေးပါပြီး တီတီတာတာလေးတွေနဲ့ ပြောဆိုတတ်လို့ မေမေဆုပန်ထွာကတော့ အမြဲတမ်းပီတိဖြစ်ပြီး ပျော်နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း Roar Roar လေးက ရေတွေစိုနေတဲ့ မေမေ့ခြေထောက်လေးကို တယုတယနဲ့ရေသုတ်ပေးနေကာ “ချစ်လိုက်တာ”ဆိုပြီး အာဘွားတွေပေးနေတာဖြစ်ပါတယ်။မေမေဆုပန်ထွာကတော့ သားလေးရဲ့အပြုအမူလေးတွေကို ချစ်လွန်းလို့ ပီတိဖြစ်နေရပြီး သားအမိနှစ်ယောက်ချစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။