တို့ဆေးနဲ့လာတို့တဲ့ချစ်ဇနီးကို အနမ်းလေးတွေပေးလိုက်တဲ့ ဆုပန်ထွာရဲ့ခင်ပွန်း

အနုပညာ

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးဆုပန်ထွာပါ။ သူမဟာ အနုပညာလောကမှာလည်း ဆယ်စုနှစ်များစွာတိုင်အောင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ယောက်ပါ။ အမြဲတမ်း ပွင့်ပွင့်လင်းလင်းနေတတ်တာကြောင့်လည်း ပရိသတ်တွေက ချစ်နေရတာပါ။

ပန်ပန်ဟာ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်တွင်မှာပါ ထူးချွန်သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း အမေရိကမှာ နှစ်လတာသွားရောက် ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တာပါ။ ပန်ပန်ဟာ မိသားစုများကိုလည်း တန်ဖိုးထားချစ်ခင်သူတစ်ယောက်ပါ။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ။

အခုမှာလည်း ပန်ပန်ရဲ့ချစ်ခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုတစ်ခု တင်ထားတာပါ။ ဒါကတော့ ” ဒီလောက် တို့ဆေးလောက်ကတော့ Kiss တောင်ပေးလိုက်ဦးမယ် ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာကွ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။