သွေးနုသားနုမို့ ဖုန်းသုံးတာနည်းနည်းလျှော့မယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အနုပညာ

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ အမေတူသမီးချောလေးကိုတော့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် မွေးဖွားခဲ့တာကြောင့် သွေးနုသားနုနဲ့မို့ ဖုန်းသုံးတာနည်းနည်းလျှော့မယ့်အကြောင်းကို “ပို့ထားတဲ့စာတွေ မဖတ်နိုင် မပြန်နိုင်တာ စိတ်မဆိုးပါနဲ့နော် မီးတွင်းမှာ မျက်လုံးအသေအချာလေး ဂရုပြန်စိုက်ချင်လို့ပါ ဖုန်းသုံးတာ တစ်လလောက်နားထားမယ်နော်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ သားသားလေးကို (၂၀၁၇)ခုနှစ် နိုဝင်ဘာလ ထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီး ချစ်သမီးလေးကိုတော့ (၂၀၁၉) နိုဝင်ဘာလမှာ မွေးဖွားတာဖြစ်လို့ သားရောသမီးလေးရောက နိုဝင်ဘာလမှာ ထူးဆန်းတိုက်ဆိုင်စွာ မွေးဖွားထားတာလည်းဖြစ်ပါတယ်။သာယာတဲ့ မိသားစုလေး ထူထောင်ကာ အနုပညာအလုပ်တွေကို ရပ်နားခဲ့တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာ သားသားလေး ကျော်မျိုးမြင့်(ခ)Peach Lay နဲ့အတူ မကြာသေးမီက မွေးဖွားခဲ့တဲ့ အမေတူ သမီးချောလေး သဉ္ဇာမျိုးမြင့် တို့ရဲ့ မိခင်ကောင်းတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုရရှိထားပါတယ်။အိမ်ထောင်ကျပြီးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သူမကိုအရမ်းချစ်ပြီးဂရုစိုက်တတ်တဲ့ ခင်ပွန်းကောင်းကို ရရှိခဲ့တာကြောင့် အိမ်ထောင်ရေးကံကောင်းသူပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းကတော့ သမီးလေးမွေးဖွားထားတာ သိပ်မကြာသေးတာမို့ မီးတွင်းထဲမှာ မျက်လုံးကို သေချာလေးဂရုစိုက်နေတာဖြစ်ပြီး သွေးနုသားနုအချိန်ဖြစ်လို့ ဖုန်းသုံးတာ နည်းနည်းလျှော့မှာမို့သူမကို ဂုဏ်ပြုစကား လာပြောကြတာတွေကို မဖတ်မိ၊စာမပြန်မိရင် ခွင့်လွှတ်ပေးကြဖို့တောင်းဆိုထားပါတယ်။