ကုန်းတစ်တန် ရေတစ်တန်နဲ့ သွားရတဲ့ ဒေသတွေအထိအလှူသွားရောက် ပြုလုပ်ခဲ့တဲ့ စည်ဖြိုး

အနုပညာ

သရုပ်ဆောင် စည်ဖြိုးတို့ မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူအတန်းတွေကို မကြာခဏ ပြုလုပ်နေတာပဲဖြစ်ပါတယ်။မကြာသေးမီကလည်း စည်ဖြိုးတို့မိသားစုဟာ ပုသိမ်မြို့ မှာတည်ရှိတဲ့ တိုက်ကြီးကျောင်းတိုက်မှာ “ET Foundation” မျက်စိဆေးရုံ ဆောက်လုပ်လှူဒါန်းခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့မှာတော့ မျက်စိဆေးရုံကြီးရဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး လူနာ (၃၀၀)ကျော်ကိုလည်း အခမဲ့ စရိတ်ငြိမ်း ခွဲစိတ်ကုသပေးခဲ့ပါတယ်။

စည်ဖြိုးတို့ဟာ မနေ့က ဒီဇင်ဘာလ (၁)ရက်နေ့မှာလည်း ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ကျတ်ကျွန်းကျေးရွာမှာ အလှူသွားရောက်ပြုလုပ်ခဲ့ပြန်ပါတယ်။ကျတ်ကျွန်းကျေးရွာမှာတော့ စည်ဖြိုးတို့မိသားစုဟာ “ကျော် သောင်း ရွှေကျောင်းတော်”ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး ရေစက်ချအလှူမင်္ဂလာပွဲပြုလုပ်ခဲ့ကြတာပါ။ကျောင်းဆောင် အလှူအပြင် “ET ကောင်းမှုတော်စေတီ”၊ “အေးချမ်းမေတ္တာတံခွန်တိုင်”တို့ကိုလည်း လှူဒါန်းထားပါသေးတယ်။အခုလို လှူဒါန်းဖြစ်တဲ့ အလှူလေးနဲ့ ပတ်သက်လို့ စည်ဖြိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

အခုအလှူလေးဟာဆိုရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုးအဖွားတွေနဲ့ အဒေါ် တို့ကို ရည်စူးကာ စည်ဖြိုးရဲ့အဘွား ဖြစ်သူဒေါ်သန်းအေးကို ဦးထိပ်ထားပြီး စည်ဖြိုးတို့ မိသားစုက လှူဒါန်းတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေလည်း စည်ဖြိုးတို့ မိသားစုရဲ့ အလှူလေးကို ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ ရအောင် ဒီအလှူပြုလုပ်လှူဒါန်းတဲ့ သတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်။