မေမေဝမ်းရဲ့သင်ကြားပြသမှုတွေကြောင့် ဘုရားစာကိုပီပီသသရွတ်ဖတ်တတ်နေတဲ့ ချစ်ချစ်တုန်လေး

အနုပညာ

ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်ရဲ့ ချစ်ဇနီးချောလေးဝမ်းက ချစ်စရာသားသားလေးနှစ်ယောက်ကိုမွေးဖွားပေးထားတာကြောင့် အာဇာနည်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အာဇာနည်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သူ့ရဲ့ တေးသီချင်းဟောင်းလေးတွေကလည်း ယနေ့အချိန်ထိရေပန်းစားနေဆဲပါနော်။

အာဇာနည်က ချစ်ဇနီးလေးနဲ့သားနှစ်ယောက်ကို လိုလေသေးမရှိအောင်ထားပေးပြီး လုံခြုံမှုနဲ့နွေးထွေးမှုအပြည့်ပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။သားလေးနှစ်ယောက်ကလည်း ချစ်မွှေလေးတွေပါကြပြီး လိမ္မာရေးခြားရှိကြလို့ လူချစ်လူခင်ပေါများတဲ့ကလေးလေးတွေပါ။သားကြီးလေးဖစ်ဖစ်တုန်ဆိုရင် ပညာရေးမှာလည်းထူးချွန်သလို အနုပညာဘက်ပါဝါသနာပါတာကြောင့် နောင်တစ်ချိန်မှာ ဖေဖေ့ရဲ့အမွေကိုဆက်ခံမှာပါနော်။

သားငယ်လေးချစ်ချစ်တုန်ကတော့ ၂နှစ်နီးပါးအရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ စကားလေးတွေလည်းတီတီတာတာနဲ့ပြောတတ်နေကာ ပိုပိုပြီးလည်းချစ်ဖို့ကောင်းလာပါတယ်နော်။အခုဆိုရင်လည်း ချစ်ချစ်တုန်လေးက မေမေဝမ်းရဲ့သင်ကြားပြသမှုတွေအောက်မှာ ကြီးပြင်းလာလို့ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဆိုပြီး ပီပီသသရွတ်နေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။