သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ ဖခင်ကြီး ဦးခင်ဇော်ဆုံးပါးခဲ့တာ ဒီဇင်ဘာလ ၃ရက်နေ့မှာ ၁နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။
လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မတွေက ဖခင်ကြီးဆုံးပါးသွားတဲ့ ၁ နှစ်ပြည့်အထိမ်းအမှတ် အလှူလေးကို ပြုလုပ်ပေးခဲ့ကြပြီး ၁ နှစ်ပြည့်သွားပေမယ့် ကျေးဇူးရှင်ဖခင်ကြီးကို ရှာလည်းမတွေ့ ကြာလည်းမမေ့ရက်နိုင်ပါဘူး ၊ ကျေးဇူးရှင်ဖေဖေရယ်” လို့ သတိတရနဲ့ ပြောဆိုလိုက်တာပါ။
လင်းဇာနည်ဇော်ဟာ လက်ရှိအချိန်မှာ ခင်ပွန်းဟောင်းဖြစ်တဲ့ သရုပ်ဆောင် ရဲကိုကိုနဲ့ ရရှိထားတဲ့ သမီးလေးမြူလင်းကိုကို ကို ဂျပန်မှာ ကျောင်းသွားတက်ခိုင်းထားပြီး သူမက ရွှေခေါက်ဆွဲအမည်ရ ခေါက်ဆွဲအော်ဒါချက်ပြုတ်တဲ့လုပ်ငန်းလေးကို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ လုပ်ကိုင်နေတာဖြစ်ပါတယ်။
အစ်မဖြစ်သူ ချစ်ချစ်ဇော်ကတော့ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ကုသိုလ်ယူလုပ်အားပေးနေတယ်လို့ သိရပါတယ်။
Cele Star