ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ လွင်မိုးကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ မိသားစုဝင်လေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခုကို ဖန်တီးထားတာပါ။ လတ်တလောမှာတော့ လွင်မိုးက သူကြော်ငြာပေးခဲ့တဲ့ ဝိုင်ယာလစ် 3လမ်းထိပ်က စမူဆာသုပ်ဆိုင်လေးက အခုဆို လူတွေ ကြိတ်ကြိတ်တိုး အားပေးခြင်းကို ခံနေရတာကြောင့် ပီတိဖြစ်မိတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးလာတာ တွေ့ရပါတယ်။ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ရဲ့ အင်အားကလည်း ပေါ့သေးသေး မဟုတ်ပါဘူးနော်။
ချစ်ပရိသတ်တွေအတွက် သူကြော်ငြာပေးခဲ့တဲ့ စမူဆာသုပ်ဆိုင်လေးက အခုဆို တိုးမပေါက်အောင် ရောင်းကောင်းနေလို့ ပီတိဖြစ်နေတဲ့ လွင်မိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
လွင်မိုးကတော့ “ညီလေးရေ ဝမ်းသာတယ် ကုသိုလ် ကံ စေတနာ အကျိုးအကြောင်း တွေကြောင့် ကိုယ်တောင်သွားစားဖို့မလွယ်တော့ဘူး” ဆိုပြီး ပီတိဖြစ်စွာ ရေးသားထားတာပါ။ အရမ်းကို စေတနာကောင်းတဲ့ လွင်မိုးကြောင့် အရမ်းအရသာရှိတဲ့ စမူဆာသုပ် ဆိုင်လေး အခုဆို လူတွေ တိုးမပေါက်အောင် ရောင်းနေရပါပြီနော်။
ကိုယ်ကြိုက်နှစ်သက်ရတဲ့ အစားအသောက် ကောင်းလေးတွေကို ဝေမျှပေးတာကလည်း ကုသိုလ်တစ်မျိုးပါပဲ။ ချစ်ပရိသတ်တွေလည်း လမ်းကြုံရင် ဦးလွင်မိုး ကြော်ငြာပေးထားတဲ့ ဝိုင်ယာလစ် ၃ လမ်းထိပ်က စမူဆာသုပ်ဆိုင်လေးကို အားပေးလိုက်ကြပါဦးနော်။
Credit-Momolay