လင်းလင်းနဲ့ သမီးလေးနှစ်ယောက်ရဲ့ကြည်နူးစရာ ဆော့ကစားနေတဲ့ ဗီဒီယိုလေးကို တင်လိုက်တဲ့ ချစ်သုဝေ

အနုပညာ

ပရိသတ်တွေ အပြည့်အဝ ရရှိထားတဲ့ အဆိုတော် လင်းလင်းနဲ့ ရုပ်ရှင်မင်းသမီး အဆိုတော် ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ ချစ်စရာ သမီးလေး နှစ်ယောက် ခေတ်နဲ့ သစ်တို့ကိုတော့ သိမယ် ထင်ပါတယ်။ သမီးလေး ခေတ်နဲ့ သစ်ကတော့ ချစ်စရာကောင်းပြီး ဗိုလ်ဆန်တဲ့ မျက်နှာလေးတွေကြောင့်လည်း ပရိသတ်တွေက သည်းသည်းလှုပ် ချစ်နေကြတာ ဖြစ်ပါတယ်။

Image result for ချစ်သုဝေ"

မေမေဖြစ်သူ ချစ်သုဝေနဲ့ ဖေဖေလင်းလင်းတို့ကလည်း သမီးလေးနှစ်ယောက်ကို ဗီဒီယိုအမျိုးမျိုးရိုက်ပြီး တင့်လေ့ရှိပါတယ်။ ဗီဒီယိုတိုင်းက လည်း ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို အမြဲတမ်းခံနေရတာ ဖြစ်ပါတယ်။

Image result for ချစ်သုဝေ"

Image result for ချစ်သုဝေ"

လက်ရှိမှာ လည်း မေမေ ချစ်သုဝေကတော့ ဖေဖေလင်းလင်းနဲ့ သမီးလေး နှစ်ယောက်အပူအပင် မရှိပဲ ဘောလုံးကို ပြေးလွှားဆော့ကစားနေတဲ့ ဗီဒီယို လေးကို ရိုက်ထားပြီးတော့ “ကလေးကြီး တယောက်နဲ့ ဘေဘီလေး နှစ်ယောက်” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဗီဒီယို​လေးမှာ​တော့ လင်းလင်းတယောက် သမီးလေးတွေနဲ့အပူအပင် မရှိဆော့ ကစားနေတာ ဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ အမြဲတမ်းလိုလို အားကျစရာကောင်းပြီး လူတိုင်းပိုင်ဆိုင်ချင်တဲ့ မိသားစုပုံစံလေးလည်း ဖြစ်ပါတယ်။ တကယ့်ကို ချစ်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ပြီး လက်ရှိ လင်းလင်းနဲ့ သူ့သမီးလေး နယောက်ဆော့ကစားနေတဲ့ ဗီဒီယိုလေးကိုတော့အောက်က Comment မှာ ဖော်ပြပေးလိုက်ပါတယ်။

Image result for ချစ်သုဝေ"

Image result for ချစ်သုဝေ"

Source-YN