နှစ်ယောက်လုံးလိပ်ပြာလုံတယ် လုပ်ခဲ့တာဘာမှမမှားပါဘူးလို့ ပြောလိုက်တဲ့ စိုးနန္ဒာကျော်နဲ့ မင်းထက်

အနုပညာ

သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ကတော့ သူတို့ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး နှစ်ယောက်လုံးလိပ်ပြာလုံတယ်၊ လုပ်ခဲ့တာဘာမှ မမှားပါဘူးလို့ ပြောပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 2 people, people smiling, outdoor, water and nature

စိုးနန္ဒာကျော်က ဒုတိယမြောက်အခွေကို စီစဉ်နေပြီး ဒီအခွေမှာ စစ်ပွဲဆန့်ကျင်ရေးသီချင်းတွေ၊ Rock သီချင်းတွေ၊ ပေါ့ပ်သီချင်းလေးတွေပါဝင်လာမယ်လို့ ဆိုပါတယ်။ စိုးနန္ဒာကျော်က ပထမတစ်ခွေထုတ်ခဲ့ဖူးပြီး အခုထွက်မယ့် ဒုတိယအခွေအတွက်ကိုတော့ မင်းထက်က Trainer လုပ်ပေးခဲ့လို့ ပိုပြီးအားရတယ်လို့လည်း ပြောပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people smiling, selfie and closeup

ပြီးခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရတဲ့အပေါ်မှာ မင်းထက်က ဖေ့ဘုတ်မှာ အကြောင်းမသိတဲ့သူတွေက ပတ်ဝန်းကျင်အပြောပဲနားထောင်ပြီး တော်တော်လေးကို အဆဲအဆို ခံခဲ့ရကြောင်း၊ အဲဒီအချိန်မှာတစ်ယောက်ကိုတစ်ယောက်ဖေးမပြီး နေခဲ့ကြကြောင်း၊ ကိုယ်လိပ်ပြာကိုယ်လုံနေလို့ ထွေထွေထူးထူး မဖြစ်လိုက်ကြောင်း၊ အတိတ်ဝဋ်ကြွေးရှိလို့ ဆပ်ရတယ်လို့ ယူဆကြောင်း ပြောပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 2 people, people standing

စိုးနန္ဒာကျော်က တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိတယ်၊ ယုံကြည်မှုရှိတယ်၊ ကိုယ့်လိပ်ပြာကိုယ်လုံတယ်၊ သူလည်း သူ့လိပ်ပြာသူလုံတယ်၊ ကိုယ်တွေလည်း လုပ်ခဲ့တာ ဘာမှမမှားဘူး၊ ဒါပေမယ့် ရုတ်တရက်ဆိုရင်တော့ သူသူငါငါပြောတဲ့ဟာကိုလက်ခံတတ်ကြမှာပဲ၊ ဘယ်သူ့ကိုမှလည်း အမုန်းမပွားတော့ဘူး၊ အမုန်းလည်း မပွားခဲ့ဘူး၊ အရာအားလုံးကို ဥပေက္ခာပြုလိုက်တယ်၊ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးလုပ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် အချိန်တစ်ခုပြီးရင် ပြီးသွားမှာပဲ ၊ ဒါကြီးဘာလို့ဖြစ်လဲဆိုတာ တွေးမနေတော့ဘူး၊ ဖြစ်သင့်ဖြစ်ထိုက်လို့ဖြစ်တာ၊ ဝဋ်ကြွေးပါလို့ဖြစ်တာ၊ အခုလက်ရှိကတော့ ညီမတို့နှစ်ယောက် ဘဝကို အပျော်ဆုံးဆက်ပြီး လျှောက်လှမ်းနေကြပါတယ်” လို့ ဖြေကြားခဲ့တာပါ။

Image may contain: 2 people

Image may contain: 4 people, people sitting, outdoor, nature and water

မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ဟာ ပြီးခဲ့တဲ့ အိမ်ထောင်ရေး ပြဿနာတွေအတွက် တရားတဘောင် ရင်ဆိုင်ခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။

Cele Star