တက္ကသိုလ်တက်ရမယ့်အချိန်ရောက်နေပေမယ့် ပြိုင်ပွဲကြောင့် ခွင့်ရက်ရှည်ယူထားရတယ်ဆိုတဲ့ အေးမြဖြူ

အနုပညာ

နှစ်စဉ်နှစ်တိုင်း ခမ်းနားသိုက်မြိုက်စွာ ကျင်းပတဲ့ Myanmar Idol ပြိုင်ပွဲကြီးက အခုဆိုရင် Season (4) အထိ ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေ တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်လာခဲ့ရာ အခုဆိုရင် Finalist (၆) ယောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ထိုထဲကမှ (၁၆) နှစ်သာရှိသေးတဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လေး အေးမြဖြူကိုလည်း ပရိသတ်တွေတော်တော်များများက ကြိုက်နှစ်သက်အားပေးကြတာကို တွေ့ရပါတယ်။

(၁၆) နှစ်သမီးလေး အေးမြဖြူက သီချင်းဆိုတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာကြောင့် ဆယ်တန်းစာမေးပွဲ အောင်အောင်ချင်းပဲ Myanmar Idol Season (4) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အေးမြဖြူက အခုဆို တက္ကသိုလ်တက်ရမယ့်အချိန်ရောက်နေပြီဖြစ်ပေမယ့်လည်း မတက်နိုင်သေးကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“သမီးက အထက ၂ ကမာရွတ် ( St. augustine ) က ဒီနှစ်ဆယ်တန်းအောင်ထားတာပါ။ အခုဆို Yufl (first year) တက်နေရမှာပါ။ ဒါပေမယ့် Myanmar Idol ပြိုင်ပွဲရှိနေလို့ ကျောင်းကိုခွင့်ယူထားရတာပါ။”

“ပြိုင်ပွဲ ပြီးရင် ပညာရေးရော အနုပညာရော ထူးချွန်အောင် ဆက်ပြီးကြိုးစားပါ့မယ်😁 နက်ဖြန်အတွက် အကောင်းဆုံးကြိုးစားနေပါတယ်ရှင့်❤❤” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောထားပါတယ်။

အေးမြဖြူကတော့ သူမဘဝအတွက် အရေးကြီးတဲ့ ပညာရေးရော၊ ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကိုပါ တစိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နောက်အပတ်တွေမှာ အေးမြဖြူကို Vote ပေးပြီး အားပေးကြပါဦးနော်။