ခင်ပွန်းနဲ့အတူ လျှောက်လည်ခဲ့တဲ့ ဥရောပခရီးစဉ်က ပုံရိပ်တွေကို ပြသလိုက်တဲ့ မြတ်ရတနာကျော်

အနုပညာ

တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​နဲ့ ရှေ့ဆက်နေကြတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အချစ်​တွေအပြည့်​နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို ခရီးတွေထွက်ဖြစ်နေတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ နှစ်ဉီးက​တော့ လတ်​တ​လောမှာ ဥရောပသို့ အလည်အပတ်ရောက်ခဲ့တုန်းက အမှတ်တရပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေး မြတ်ရတနာကျော်နဲ့ ခန့်ညားသန့်ပြန့်လွန်းတဲ့ Ah boy တို့ရဲ့ခရီးသွားပုံရိပ်တွေကတော့ အရမ်းကို Romantic ဆန်ပြီး ကြည့်လို့မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို Romantic ဆန်ပြီး ကြည်နူးဖို့ကောင်းတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့ ဥရောပ ခရီးစဉ်တုန်းက ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ရတနာကျော်ကတော့ သူမတို့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို အင်စတာဂရမ်မှတဆင့် ပရိသတ်တွေဆီ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အချစ်တြွေပည့်နှက်နေတဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ ခရီးတွေ မကြာမကြာထွက်ရင်း ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းနေတာပါနော်။

အရမ်းကို ချစ်စရာကောင်းတဲ့ စုံတွဲလေး…

Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။ Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​နေဖြစ်​ပြီး သီချင်းအသစ်​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ ချစ်ပရိသတ်တွေလည်း ပျော်ရွှင်​ကြည်​နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source-မိုမိုလေး