တိုင်းတစ်ပါးသားတွေတောင် ချီးကျူးရတဲ့အထိ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ဝတ်မှုံရွှေရည်

အနုပညာ

နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ ထိပ်ဆုံးက ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ အကယ်ဒမီဆုကြီး (၂) ဆုကိုလည်း ပိုင်ဆိုင်ထားပြီး နိုင်ငံတကာက ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို အနုပညာပါရမီ ထူးချွန်တဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က အနုပညာလောကရဲ့ အတောက်ပဆုံးသော ကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝတ်မှုံရွှေရည်က စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards 2019 ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က Asian Academy Creative Awards မှ ချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆုယူဖို့ တက်ရောက်မှာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က Asian Academy Creative Awards 2019 ပွဲရဲ့ ပထမနေ့အခမ်းအနားကို အဖြူရောင်မြန်မာဝတ်စုံလေးကို ကျက်သရေရှိရှိဝတ်ဆင်ပြီး တက်ရောက်ခဲ့တာကို ဖြစ်ပါတယ်။

မြန်မာမင်းသမီးလေးတစ်လက် မြန်မာဝတ်စုံလေးကို ကျက်သရေရှိရှိဝတ်ဆင်လာပြီး Victoria Theatre အရှေ့မှာ လမ်းလျှောက်လာတာနဲ့တင် မြင်သူတိုင်း သဘောကျပြီး ငေးမောခဲ့ရတယ်လို့ ဆိုပါတယ်။

ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ နိုင်ငံခြားမှ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပြီး တိုင်းတစ်ပါးအထိ ထိုးဖောက်အောင်မြင်နေတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အဖြူရောင်လေးနဲ့ မြင်သူတိုင်း ရင်ကို အေးစေတာ အမှန်ပါပဲနော်။ ပရီသတ်ကြီးလည်း အေးချမ်းလွန်းတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး