နိုင်ငံကြီးသားပီသလှတဲ့ သူရဲ့ပရိသတ်တွေကြောင့် အကြီးအကျယ်ကို ဂုဏ်ယူနေတဲ့ G-Fatt

အနုပညာ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းလူငယ် အဆိုတော်ဖြစ်တဲ့ အဆိုတော် G Fatt ကတော့ လက်ရှိမှာပရိသတ်တော်တော်များများရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အထူးသဖြင့် ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။G Fatt ဟာ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးစပ်ပြီး ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီးအောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁)ရက်နေ့ကလည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုနဲ့ မန္တလေးရွှေမြို့တော်ကြီးမှာလည်း One Man ရှိုးပွဲကြီးကိုကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ ဒီပွဲကြီးမှာလည်း မန္တလေးကပရိသတ်တွေအပြင် အခြားသောမြို့က G Fattရဲ့ ပရိသတ်တွေကလည်း လာရောက်အားပေးတဲ့ အထိကိုရှိခဲ့ပြီး ကွင်းလုံးပြည့် ပရိသတ်တွေ ဝက်ဝက်ကွဲအောင်မြင်မှုတွေရရှိခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ G Fatt ဟာ လူမှုကွန်ရက်စာမျက်နှာထက်ကနေ One Man ရှိုးပွဲကြီးပြီးတဲ့နောက်မှာ သူ့ပရိသတ်တွေရဲ့ နိုင်ငံကြီးသားပီသလှတဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်လေးအကြောင်းကို ပီတိဝေဖြာပြီး မျှဝေလိုက်ပါတယ်တယ်။ အဲ့တာကတော့ “ပွဲအပြီးမှာ ကွင်းထဲက အမှိုက်တွေ ကို မင်း Fan တွေ ဝိုင်းကောက်ပေးသွားကြတယ်တဲ့”ဆိုပြီး သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံလေးနဲ့ အတူလာပြောပြခဲ့တာလေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ G fatt ကတော့ သူ့ရဲ့ Fanလေးတွေကြောင့် ကျေနပ်ပီတိဖြစ်နေရပါတယ်တဲ့နော်။