ဘဝမှာ မလုပ်ဘူးတာတွေ လုပ်ဘူးချင်တာတွေ လုပ်ခွင့်ရလို့ အရမ်းပျော်တယ် ဆိုတဲ့ မထက်

အနုပညာ

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ သူမ သရုပ်ဆောင်ရိုက်ကူးထားတဲ့ ” ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ မထက် ရဲ့ ရုပ်ရှင် ရိုက်ကွင်း ပုံရိပ်ကလေးတွကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။

အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ မိတ်ကပ် ခင်စန်းဝင်း ၊ ညီညီမောင်စမ်းချောင်း ၊ လင်းလင်း တို့နဲ့ နှစ်ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီး အတွက် ရိုက်ကူးရေးလုပ်နေတာပါ။

မထက် က ” ဘဝမှာ မလုပ်ဘူးတာတွေ လုပ်ဘူးချင်တာတွေ လုပ်ခွင့်ရလို့ အရမ်းပျော်တယ်…. ပါဝင်ခွင့်ရိုက်ကူးခွင့်ရလို့ လည်း အရမ်းလည်းကျေးဇူးတင်ပါတယ်…” ဆိုပြီး သူမရဲ့ ရိုက်ကွင်းမှ ပုံရိပ်လေးတွေကို ဖော်ပြထားပါတယ်။

သူမက လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဈေးသည်လေးအဖြစ် သရုပ်ဆောင်နေတာတွေ့ရပါတယ်။

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ရဲ့ ရိုက်ကွင်း ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး