Fan meeting မသွားခင်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တဲ့ ခီမောင်နှံ

အနုပညာ

မြန်မာ့ရုပ်ရှင်လောကမှာ အများနဲ့မတူ တစ်မူထူးခြားစွာ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုကြောင့် ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိထားတာ ခီမောင်နှံပါ။ တည်ကြည်ခန့်ငြားတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဇနီး ဒါရိုက်တာ ခရစ္စတီးနားခီတို့ စုံတွဲဟာ အနုပညာလောကမှာတော့ ပရိသတ်တွေ လေးစားအားကျရတဲ့စုံတွဲလို့လည်း ဆိုရပါမယ်။ ဘယ်အချိန်ပဲကြည့်ကြည့် ခီမောင်နှံဟာ တစ်ဦးနဲ့တစ်ဦး အသက်မက ချစ်မြတ်နိုးကြောင်း ထင်ထင်ရှားရှား ပေါ်လွင်နေတာကလည်း သူတို့နှစ်ဦးရဲ့ ထူးခြားချက်လေး တစ်ခုလို့ ဆိုနိုင်ပါတယ်။

ယခု‌နောက်ဆုံး ရုံတင်ထားပြီး ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးကာ မင်းသားဇာဏ်ခီ အဓိကသရုပ်ဆောင်ထားတဲ့ now and ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ကာ ခီမောင်နှံရဲ့ နောက်ထပ် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ပါတယ်။ သာမန်ရိုက်ကူးမှုပုံစံတွေကနေ ထူးထူးခြားခြားကွဲထွက်ကာ အားပေးတဲ့ပရိသတ်တွေလည်း တစ်နေ့တစ်ခြား တိုးလို့လာခဲ့ပါတယ်။

ဒီလိုမျိုး အားပေးတဲ့ ပရိသတ်အခိုင်အမာ ရှိနေပြီဖြစ်တဲ့ ခီမောင်နှံဟာ တ​​လောက ပြုလုပ်ခဲ့တဲ့ fan meeting မသွားခင် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ခီမောင်နှံဟာ အနက်ရောင်ဖက်ရှင်ကို ကိုယ်စီဝတ်ဆင်ကာ လူငယ်ဆန်ဆန် ခပ်ဟော့ဟော့စုံတွဲအဖြစ် ဂိုက်ပေးကြမ်းထားခဲ့ပါတယ်။ အ‌ဆိုပါ ပုံရိပ်လေးတွေထဲမှာ ခီမောင်နှံတို့အကြားက ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ပရိသတ်တွေ အတိုင်းသားမြင်တွေ့နိုင်ပါတယ်။

ခီမောင်နှံရဲ့ fan meeting မသွားခင် ပုံရိပ်လေးတွေကို သဘောကျတယ်ဆိုရင် like and share လုပ်ပေးသွားပါဦးနော်…။