မေမေဆုပန်ထွာနဲ့အတူ အင်္ဂလိပ်စကားကို ပီပီသသနဲ့အသံထွက်ကောင်းစွာပြောဆိုနေတဲ့ Roar Roarလေး

အနုပညာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကြိုးစားနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဆုပန်ထွာရဲ့ချစ်ခင်ပွန်းကလည်း အနုပညာအလုပ်တွေကိုအပြည့်အဝနားလည်မှုပေးပြီး တတ်နိုင်တဲ့ဘက်ကနေတစ်ဖက်တစ်လမ်းကူညီဆောင်ရွက်ပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါနော်။


ဆုပန်ထွာက သားတစ်ယောက်မွေးဖွားထားတဲ့မိခင်ဖြစ်ပြီး သူမရဲ့မိသားစုဘဝလေးကို ပိုပြီးစိုပြေချမ်းမြေ့အောင် ဆောင်ရွက်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ဆုပန်ထွာရဲ့ တစ်ဦးတည်းသောသားလေး Roar Roar လေးကလည်း ၃နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ မူကြိုကျောင်းလည်းတက်နေပါပြီနော်။မိဘအပေါ်လည်း လိမ္မာသိတတ်ပြီး မေမေ့ကိုလည်းကူညီပေးတတ်တဲ့ သားလိမ္မာလေးပါနော်။

Roar Roar လေးက ထူးချွန်ထက်မြက်တဲ့ကလေးလေးဖြစ်လို့ ပညာရေးမှာလည်းအရမ်းတော်ပါတယ်နော်။အခုဆိုရင်လည်း မေမေဆုပန်ထွာနဲ့အတူ အင်္ဂလိပ်စကားကို အပြန်အလှန်ပြောနေပြီး ပီပီသသနဲ့အသံထွက်ကောင်းစွာပြောဆိုနေတဲ့ Roar Roarလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။