ရာသီဥတုကအေးလို့ နွေးနွေးထွေးထွေးဝတ်ပြီး တွန်းလှည်းလေးထဲမှာဇိမ်ကျနေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ချစ်သားလေး Jack Jack

အနုပညာ

သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကိုတော့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပရိသတ်တွေကအားပေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ပြစ်မျိုးမှဲ့မထင်လောက်အောင်လှတဲ့ နန်းမြတ်က ပရိသတ်တွေကြားမှာ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းမြတ်က ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။

ပထမဆုံးရင်သွေးရတနာလေးဖြစ်တဲ့ သားလေး Jack Jack ကိုမွေးပြီးနောက်ပိုင်းမှာတော့ မေမေနန်းမြတ်က အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်ပြီး သားလေးကိုပဲဂရုစိုက်နေတာ ဖြစ်ပါတယ်။ နန်းမြတ်ရဲ့သားလေးက အခုဆိုရင် အသက် (၇) လအရွယ်ရှိနေပြီဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပိုချစ်ဖို့ကောင်းလာတာလည်း ဖြစ်ပါတယ်။ အခုလည်း Jack Jack လေးက တွန်းလှည်းလေးထဲမှာ နွေးနွေးထွေးထွေးနေပြီး ဇိမ်ကျနေတာဖြစ်ပါတယ်။

မျက်လုံးအဝိုင်းသားလေးနဲ့ လိုက်ကြည့်နေတဲ့ သားလေး Jack Jack ရဲ့အမူအရာလေးတွေကလည်း အရမ်းကိုချစ်ဖို့ကောင်းနေပြန်ပါတယ်။ မေမေနန်းမြတ်ကတော့ ” ရာသီဥတုအေးတယ် သားလိုနွေးနွေးထွေးထွေးနေကြပါလို့မှာချင်ပါတယ် ” သားလေးရဲ့ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်းရဲ့သားလေး Jack Jack ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။