ဇနီးဖြစ်သူကို မွေးနေ့မှာ ပန်းခင်းတစ်ခင်းလက်ဆောင်ပေးလိုက်တဲ့ လွင်မိုး

အနုပညာ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ လွင်မိုးကတော့ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ချစ်ဇနီးချောလေးအတွက်ကို မွေးနေ့ဆုတောင်းလေးနဲ့အတူ “happy Birthday Daw May Thu Lay။ ပန်းတစ်ခင်းပျိုးပေးထားတယ်နော်”ဆိုပြီး မွေးနေ့လက်ဆောင်လေးပေးလိုက်ပါတယ်။လွင်မိုးနဲ့ သူ့ရဲ့ ဇနီး မေသူတို့ကတော့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး၊ ယွန်းနဒီလွင်မိုး တို့နဲ့အတူပျော်ရွှင်စရာ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး

လက်ရှိမှာ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက မွေးဖွားထားတဲ့ ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။လွင်မိုးဟာ အသက်အရွယ်ရလာတဲ့ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းဘက်ကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်နေတာဖြစ်ပြီး အားလပ်ချိန်တွေမှာတော့ မိသားစုကို အချိန်ပေးနေတာကိုလည်း တွေ့ရပါတယ်။

လွင်မိုးရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ လီလီပန်းစိုက်ပျိုးတဲ့ လုပ်ငန်းဟာလည်း အတော်လေးကို အောင်မြင်မှုရရှိနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဇနီးဖြစ်သူရဲ့ မွေးနေ့လေးမှာတော့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ လီလီပန်းခင်းတွေထဲက ပန်းခင်းတစ်ခင်းလုံးကို မွေးနေ့လက်ဆောင်အနေနဲ့ ပေးခဲ့တာပါ။ ပရိသတ်ကြီးရေ ဦးလွင်မိုးတို့ကတော့ ပန်းခင်းတစ်ခင်းလုံးကိုပေးပြီး ရို ပစ်တာနော်။