စပွန်ဆာယူတယ် ယောက်ျားနောက်လိုက်ဖူးတယ်ဆိုတာ တကယ်မဟုတ်တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုတဲ့ မေကြည်

အနုပညာ

Myanmar Idol Season (1) ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်မေကြည်ကတော့ မကြာသေးမီအချိန်က လူမှုကွန်ရက်စာမျက်နှာထက်ကနေ စပွန်ဆာယူထားတယ် ယောက်ျားနောက်လိုက်ပြေးဖူးတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်တာတွေရှိခဲ့ပြီး ပရိသတ်တွေကြားထဲမှာ တော်တော်လေးကို ဂယက်ထခဲ့ပါသေးတယ်။အခုလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သတ်လို့ မေကြည့်ဘက်ကတော့ ဘာမှပြန်လည် ဖြေရှင်းခြင်းမရှိပေမဲ့လည်း ဒီနေ့မှာတော့ အင်တာဗျူးဖြေကြားခဲ့တဲ့ အချိန်မှာတော့

“မေကြည့် ကိုယ်တိုင်တင်ထားတဲ့ ပုံတွေနဲ့ အကောင်းအတုကတင်တာဆိုတော့ အကောင့် အစစ်ဆိုရင်တော့ မေကြည်တရားစွဲလို့ရတယ်။ အကောင့်အတုကတင်တာဖြစ်တဲ့ အတွက်ကြောင့် မေကြည်ဘာမှမဖြေရှင်တာပါ။ဒါပေမဲ့ ဒါအခု မီဒီယာအားလုံးဆုံတုန်းမို့မေကြည်ပြောပြတာပါလို့”အကောင့်အတုက တိုက်ခိုက်တာကြောင့် ပြန်မဖြေရှင်းဖြစ်တာလို့မေကြည်ကပြောကြားခဲ့ပါတယ်။

အခုသတင်းကလည်း လုံးဝကို မှန်ကန်မှုမရှိတဲ့ အပြင် မေကြည်ကိုယ်တိုင်တင်ထားတဲ့ ပုံတွေနဲ့ စပွန်ဆာယူတယ် ယောက်ျားနောက်လိုက်ပြေးတာတို့က သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တာကြောင့် ဘယ်စပွန်ဆာမှ မယူဖူးကြောင်း ဘယ်ယောက်ျားနောက်ကိုမှမလိုက်ဖူးကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံတာကြောင့် လက်မထောင်နိုင်ပါတယ်လို့လည်း မေကြည်ကဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ သတင်းအမှားတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မေကြည်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုပါမျှဝေပေးလိုက်ပါတယ်။